ဖျားနာ

September 4, 2020

မြောက်ဒဂုံ Capital Supermarket ဝန်ထမ်းတဦး ဖျားနာသဖြင့် ဆေးရုံပို့ (ဓာတ်ပုံ)

အတည်ပြုလူနာအမှတ် ၁၀၂၄ လုပ်ကိုင်ခဲ့တဲ့ မြောက်ဒဂုံ Capital Supermarket က နောက်ထပ် ဝန်ထမ်းတဦး ဖျားနာနေတာကြောင့် ဆေးရုံပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ မြောက်ဒဂုံမြို့နယ် Capital Supermarket ကို အသွားအလာ ကန့်သတ်ထားပြီး ကိုဗစ်-၁၉ အတည်ပြုလူနာအမှတ် ၁၀၂၄ နေထိုင်တဲ့ တောင်ဥက္ကလာပမြို့နယ်ရှိ နေအိမ်လိုင်းခန်းနဲ့ လမ်းအား Lockdown ပြုလုပ်ထားတယ်လို့ သိရပါတယ်။ သြဂုတ်လအတွင်း မြောက်ဒဂုံ capital ကို သွားရောက်ထားသူတွေအနေနဲ့ မိမိအသိစိတ်နဲ့ သတင်းပေးပို့ကျန်းမာရေးစစ်ဆေးမှုခံယူကြဖို့နဲ့ လိုက်နာမှုမရှိပါက CCTV Record တွေ ကြည့်ရှုပြီး ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ တကျော့ပြန်ကိုဗစ်ကြောင့် လက်ရှိအချိန် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၇ ခုကို နေအိမ်အတွင်းနေထိုင်ကြဖို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ Photo - Ye Myo Khant / MPA
1 year Ago

March 15, 2020

မောက်မယ်မြို့နယ် ဟံးဗွာရွာတွင် တရွာလုံးနီးပါး ဖျားနာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စု ဗန်းမင်ဒေသ ဟံးဗွာရွာမှာ ပြည်သူတွေ တရွာလုံးနီးပါး ဖျားနာမှု ဖြစ်ပွားခဲ့ပါတယ်။ ရွာသားတွေက ဟိုပုံးမြို့နယ် ထမ်းဆန်းရွှေတိဂုံဘုရား အိုးစည် ၁၀၀၀ ပွဲတော်က ပြန်လာပြီး စတင်ဖျားနာကြကာ တရွာလုံး ကူးစက်ခဲ့တာလို့ ပအိုဝ်းဒေသ ကျန်းမာရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီ (PHWC) ဒါရိုက်တာ ခွန်စည်သူက ပြောပါတယ်။ “လူကြီးတွေက ထမ်းဆန်းဂူပွဲက ပြန်လာတာ တရွာလုံး ကူးကြတယ် ထင်တယ်။ အိမ်ခြေ ၅၀ မရှိဘူး။ လူနာက ၅၀ ကျော်နေပြီ။ အခုကျနော်တို့ PHWC ဆရာမတွေက မနေ့က သွားကြည့်တာ၊ ကုသပြီး စောင့်ကြည့်နေတုန်းပဲ၊ ဆိုးဆိုးရွားရွားတော့ မပါသေးဘူး ခုချိန်ထိ။”  ထမ်းဆန်းရွှေတိဂုံဘုရား အိုးစည် ၁၀၀၀ ပွဲတော်ကို မတ် ၆ ရက်ကနေ ၈ ရက်အထိ ကျင်းပတာဖြစ်ပြီး ရွာသားတွေဟာ တပေါင်းလပြည့် ထမ်းဆန်းပွဲပြီး ပြန်လာကတည်းက ဖျားနာကြပေမယ့် ဆေးရုံ၊ ဆေးခန်း သွားပြခြင်းမရှိဘဲ PHWC က ဆရာမတွေ လာရောက်ကုသမှု ပြုလုပ်မှ သိရတာပါ။ ဗန်းမက် ဒေသခံ ဦးအျားက “ကလေးတွေက အများကြီး အိမ်တိုင်းလိုလို နှာစေး ချောင်းဆိုး ဖျားနေကြတယ်၊ မနေ့က PHWC က ဆရာမတွေ လာကုပေးတယ်” လို့ ပြောပါတယ်။ ဟံးဗွာရွာရှိ လူနာ ၅၀ ကျော်မှာ ကလေးက အယောက် ၂၀ ရှိပြီး အဓိက နှာစေး၊ ချောင်းဆိုးနဲ့ ဖျားနာမှုတွေ ဖြစ်ပွားနေတာပါ။ အဲဒီဒေသမှာ ဆေးရုံ၊ ဆေးခန်း သွားရောက်ကုသဖို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ အတွက် PHWC အဖွဲ့က ကွင်းဆင်းကုသပေးနေတာပါ။ ခွန်ရာဇာ
2 years Ago
Up