ဖျာပုံမြို့နယ်

May 5, 2022

ဖျာပုံမြို့နယ်တွင် ဒေသခံ ၄၀ ကျော် အဖမ်းခံရ

ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်၊ ကျုံကျိုက်ကျေးရွာမှာ စစ်ကောင်စီခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးနဲ့  သူ့ရဲ့ဇနီးတို့ အသတ်ခံရပြီးနောက်ပိုင်း ဒေသခံ ပြည်သူ ၄၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၂၄ ရက်နေ့က ကျုံကျိုက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးကိုနဲ့ ဇနီးတို့ကို  ဧရာဗေဒါအဖွဲ့နဲ့ သေမင်းလက်ရာအဖွဲ့တို့က ပူးပေါင်းရှင်းလင်းတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပေမယ့် စစ်ကောင်စီက ဒေသခံပြည်သူတွေကို စွပ်စွဲဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ 

ဒေသခံတဦးက “ဒေသခံတွေ အဖမ်းမခံရအောင် လုပ်တဲ့တော်လှန်ရေးအဖွဲ့တွေက ကြေညာထားတယ်။ အဲဒါကို ဒေသခံတွေကို စွပ်စွဲဖမ်းဆီးနေတာ အားလုံးဆိုအဖမ်းခံရတာ ၄၀ လောက်ရှိပြီ” လို့ ပြောပါတယ်။

ဖမ်းဆီးထားရသူ ၄၀ ကျော်ကို ၁၀ ရက်ကျော်ကြာတဲ့အထိ ပြန်လွှတ်မပေးသေးသလို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာလည်း မသိရသေးဘူးလို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးကို ရှင်းလင်းခဲ့တဲ့ ဧရာဗေဒါအဖွဲ့ကတော့ အုပ်ချုပ်ရေးမှူးဟာ ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး ရှင်းလင်းတဲ့အချိန်မှာ မိန်းမဖြစ်သူကပါ ဝင်ရောက်တိုက်ခိုက်လို့ နှစ်ယောက်စလုံးကို ရှင်းလင်းခဲ့ရသလို ပြန်ထွက်ချိန်မှာလည်း ပျူစောထီးတွေလိုက်လာလို့ ပစ်ခတ်ပြီး ပြန်ထွက်လာရတယ်လို့  သတင်းထုတ်ပြန်ထားပါတယ်။ 

လက်ရှိအချိန်မှာ အုပ်ချုပ်ရေးမှူးနဲ့ မိန်းမဖြစ်သူကို ရှင်းလင်းတဲ့ အဖွဲ့ဝင်တွေ တစ်ယောက်မှ ဖမ်းဆီးခံရတာမရှိဘူးလို့ သေမင်းလက်ယာအဖွဲ့ရဲ့ တာဝန်ရှိသူ ဗိုလ်လက်ဝဲက ပြောပါတယ်။

9 months Ago

May 26, 2021

ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဒုတိယအကြိမ် ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်က ဒေါ်ညိမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ မေလ ၂၆ ရက်နေ့က ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။

ဒီမနက် ၁၀ နာရီကျော်လောက်မှာ အုပ်ချုပ်ရေးမှူးရုံးထဲမှာ  ဗုံးပေါက်ကွဲသံကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ ပျက်စီးမှုအခြေအနေကို အတည်ကျမသိရသေးပါဘဲ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ  ရောက်ရှိစစ်ဆေးနေပါတယ်။

ဒေါ်ညိမ်းကျေးရွာမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေလက်မခံသူကို စစ်ကောင်စီက အုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်ထားတယ်လို့  ဒေသခံတွေကပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့ ဒေါ်ညိမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ မေလ ၂၀ ရက်နေ့ကလည်း ဗုံးပေါက်မှုဖြစ်ပွားခဲ့ပြီး ခုအကြိမ်က ဒုတိယအကြိမ်ဖြစ်ပါတယ်။

2 years Ago
More News
Up