ဖျက်သိမ်း

January 21, 2023

တူရကီဆန့်ကျင်ရေးပြပွဲများ ခွင့်ပြုပေးခဲ့သည့်အတွက် ဆွီဒင်ကာကွယ်ရေးဝန်ကြီးခရီးစဉ်ကို တူရကီ ဖျက်သိမ်း

ဆွီဒင်နိုင်ငံ မြို့တော် စတော့ဟုမ်းက တူရကီဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ဆွီဒင်အာဏာပိုင်တွေက ခွင့်ပြုချက်ချပေးခဲ့တဲ့လို့ တူရကီနိုင်ငံဘက်က တုံ့ပြန်တဲ့အနေနဲ့ အန်ကာရာကို လာရောက်ဖို့ ရှိနေတဲ့ ဆွီဒင်ကာကွယ်ရေးဝန်ကြီးရဲ့ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း တူရကီကာကွယ်ရေး ဝန်ကြီး ဟူလူစီ အက်ကာက ဇန်နဝါရီလ ၂၁ ရက်မှာ ပြောပါတယ်။

"ဒီနေရာမှာ ဆွီဒင်ကာကွယ်ရေးဝန်ကြီး ပဲလ် ဂျွန်ဆင်ရဲ့ ဇန်နဝါရီ ၂၇ ရက်မှာ လာရောက်မယ့် တူရကီခရီးစဉ်ဟာ ဘာမှ အဓိပ္ပာယ်မရှိတော့တာကြောင့် ကျနော်တို့ဘက်က ဒီခရီးစဉ်ကို ဖျက်သိမ်းခဲ့တာပါ" ဆိုပြီး တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီအက်ကာက မှတ်ချက်ပေးပါတယ်။

ဆွီဒင်ကာကွယ်ရေးဝန်ကြီး ဂျွန်ဆင်ဟာ တူရကီဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ နောက်အပတ်ထဲမှာ အန်ကာရာကို သွားရောက်ဖို့ စီစဉ်ထားတာပါ။

ဒီခရီးစဉ်အတွင်းမှာ ဆွီဒင်နိုင်ငံအနေနဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ သူ့ရဲ့အဆိုပြုချက်ကို အတည်ပြုပေးဖို့ တူရကီက သဘောတူလက်မှတ် ရေးထိုးပေးအောင် တွန်းအားပေးဖို့ မျှော်လင့်ထားတာပါ။

တူရကီနိုင်ငံနဲ့ သမ္မတ အာရ်ဒိုဂန်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ဆွီဒင်နိုင်ငံက တားဆီး ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့မှုကို ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီး အက်ကာ က ပြောပါတယ်။ 

သူဟာ ယူကရိန်းကာကွယ်ရေး အဆက်အသွယ်အဖွဲ့ရဲ့ အစည်းအဝေးရဲ့ ပြင်ပအစီအစဉ်မှာ ဆွီဒင်ကာကွယ်ရေးဝန်ကြီးဆီ ဒီပျက်ကွက်မှုအတွက် သူတို့ဘက်က တုံ့ပြန်မှုကို ပြောပြခဲ့ကြောင်း လည်း  အက်ကာက ပြောဆိုပါတယ်။ 

ဇန်နဝါရီ ၂၁ ရက်မှာ မြို့တော်စတော့ဟုမ်းရှိ တူရကီသံရုံးအနီးမှာ ပြုလုပ်ဖို့ စီစဉ်ထားပြီး မူစလင်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ကိုရန်ကျမ်း  မီးရှို့မယ့် အစီအစဉ်လည်း ပါဝင်နေတဲ့ ဆန္ဒပြပွဲတခုကို ဆွီဒင်အာဏာပိုင်တွေက ခွင့်ပြုပေးခဲ့တာကြောင့် တူရကီဟာ ဆွီဒင်သံအမတ်ကို ဆင့်ခေါ်ခဲ့ပါသေးတယ်။ 

2 weeks Ago

December 30, 2022

နှစ်သစ်ကူးညတွင်ပျော်ပါးရန် စစ်ကောင်စီက ညမထွက်ရအမိန့် တစ်ညတာ ဖျက်သိမ်း

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ  နှစ်သစ်ကူး  Countdown ပါတီပွဲ ကျင်းမှာဖြစ်လို့ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို တစ်ညတာ ဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းအစိုးရက ဒီဇင်ဘာလ ၂၉ ရက်က ထုတ်ပြန်ကြေညာပါတယ်။

ပြည်သူ့ရင်ပြင်မှာ နိုင်ငံတကာနှစ်သစ်ကူးပွဲတော် (Countdown Party)ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက်  ပုဒ်မ ၁၄၄ အရ ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့်ကို ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် မနက် ၄ နာရီ အထိ ခေတ္တပယ်ဖျက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နှစ်သစ်ကူးပွဲတော်မှာ ပြည်သူလူထုကို မီးရူးမီးပန်းတွေ ပစ်ဖောက်ပါက အရေးယူမယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီဟာ Countdown Party ပါတီပွဲမှာတော့  မီးရှူးမီးပန်း ပစ်ဖောက်တာတွေအပြင် စတိတ်ရှိုးပွဲတွေပါ ထည့်သွင်းထားတယ်လို့ မြို့ခံတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။

"ရပ်ကွက်ထဲမှာကျတော့ မီးရှုးမီးပန်းမဖောက်ရဘူး။ သူတို့ ကျတော့ လုပ်ချင်တာ လုပ်မယ်ဆိုတော့သဘော ဒီလိုလုပ်ပေးတာရည်ရွယ်ချက်ရှိတယ်။ နိုင်ငံတကာကို မြန်မာပြည်မှာ အေးချမ်းနေပါပြီ ပြည်သူတွေက ပျော်နေကြတယ်ဆိုပြီး ချပြတာ။”

ဒီလိုပျော်ပွဲရွှင်ပွဲတွေမှာ စစ်ကောင်စီဘက်က အသွင်ယူပြီးဗုံးဖောက်ခွဲမှာကိုလည်း ပြည်သူတချို့က စိုးရိမ်နေကြပါတယ်။

ရန်ကုန်မြို့ခံတစ်ဦးက "ပျော်ပွဲရွှင်ပွဲတွေ လုပ်ပေး ပြီးရင် ဗုံးဖောက်  PDFတွေလုပ်တယ်ဆိုပြီး ထိုးချ တာမွေနဲ့ဒလမှာ ဖြစ်တဲ့ ဗုံးပေါက်ကွဲမှုကိုကြည့်ရင် ပြည်သူက ဘယ်သူလုပ်လဲဆိုတာ သိတယ်။ အဲဒါကြောင့် ဒီလိုညတွေမှာ ဘယ်ကိုမှ မသွားတာကောင်းတယ်"လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့  နှစ်သစ်ကူးည  Countdown Party ပွဲကို ရန်ကုန်တိုင်းအပြင် နေပြည်တော်မှာလည်း ကျင်းပဖို့ စီစဉ်နေပါတယ်။

1 month Ago
More News
Up