ဖျံလို့ဆိုလိုက်တာနဲ့ ရေထဲမှာ လျင်မြန်ဖျတ်လတ်တဲ့နှုန်းနဲ့ ရေကူးနိုင်တဲ့ ချစ်စရာ သတ္တဝါတွေကို ပြေးမြင်မိကြမှာပါ။
ဖျံတွေဟာ အသားစားသတ္တဝါ မျိုးစိတ်တွေထဲမှာ ပါဝင်ပြီး မျိုးကွဲ ၁၃ ခုထိ ရှိပါတယ်။ အရွယ်ရောက်ပြီးဖြစ်တဲ့ ဖျံတကောင်ရဲ့ အလျားဟာ ၂ ပေကနေ ၅ ဒသမ ၉ ပေထိ ရှိနိုင်ပြီး အလေးချိန် ၂ ဒသမ ၂ ပေါင်ကနေ ၉၉ ဒသမ ၂ ပေါင်ထိ ရှိနိုင်ပါတယ်။
သူတို့ရဲ့ အဓိကအစားအစာက ငါးတွေဖြစ်ကြပြီး ကဏန်းတွေ၊ ပုစွန်တွေ စတဲ့ ရေသတ္တဝါတွေကိုလည်း ဖမ်းယူစားသောက်ကြတာ ဖြစ်ပါတယ်။
အဲဒီလို ဖမ်းယူစားသောက်ဖို့ ဖျံကလေးတွေဟာ ရေထဲမှာ လျင်မြန်တဲ့အရှိန်နဲ့ ကူးခတ်နိုင်ဖို့ လိုအပ်ပါတယ်။
ဒါပေမယ့် သူတို့ဟာ မွေးရာပါ ရေကူးတာကို တတ်မြောက်လာတာတော့ မဟုတ်ပါဘူး။
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မိခင်ဖျံမကြီးက ရေမကူးတတ်သေးတဲ့ သူ့ရဲ့ရင်သွေး ဖျံကလေးကို ဘယ်လိုရေကူးသင်ပေးသလဲ ဆိုတာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
မိခင်ဖျံမကြီးဟာ ဖျံကလေးကို ကမ်းပေါ်ကနေ ရေထဲကို တဖြည်းဖြည်း ကိုက်ချီဆွဲချသွားခဲ့တာကို တွေ့ရပါတယ်။
ဖျံကလေးဟာ ရုတ်တရက် ရေထဲရောက်သွားချိန်မှာတော့ မိခင်က ရေအောက်မှာ ဘယ်လိုကူးခတ်ရမယ် ဆိုတာတွေကို သင်ပေးရင်းနဲ့ တဖက်ကမ်းဆီ အတူကူးခတ်သွားနေခဲ့ကြတာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ Just For Fauna အမည်နဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး သီတင်းတပတ်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၅ သန်းကျော်နေခဲ့ပြီ ဖြစ်ပါတယ်။
5 years Ago