ဖဲကြိုးဖြူလှုပ်ရှားမှု

May 18, 2018

အငှားယာဉ်မောင်းများ Grab ကုမ္ပဏီကို ဆန့်ကျင်သည့် ဖဲကြိုးဖြူလှုပ်ရှားမှု စတင်

ရန်​ကုန်​မြို့က အငှားယာဉ်​​မောင်း​​​ ၁၀၀၀​ ကျော်​ဟာဟာ Grab Taxi ကုမ္ပဏီကို ဆန့်​ကျင်​တဲ့ ဖဲကြိုးဖြူလှုပ်​ရှားမှုကို ဒီနေ့ စတင်​ပြုလုပ်​​နေကြပါတယ်​။ အငှားယာဉ်​ဝန်​​ဆောင်​မှုအ​နေနဲ့ မြန်​မာနိုင်​ငံကို ဝင်​​ရောက်​လာတဲ့ Grab taxi ကုမ္ပဏီကို Grab မှာ ယာဉ်​​မောင်းဖို့ အဖွဲ့ဝင်​ထားတဲ့ ယာဉ်​​မောင်း​တွေက သူတို့အ​ပေါ်ဖိနှိပ်​တယ်​၊ အခွင့်ရေးဆုံးရှုံးတယ်၊ ယာဉ်​​မောင်း​တွေရဲ့ လုံခြုံ​ရေးကို အကာကွယ်​​ပေးမထားဘူးဆိုတဲ့ အ​ကြောင်းပြချက်​​တွေနဲ့ ဖဲကြိုးဖြူလှုပ်​ရှားမှုကို စတင်​လိုက်​တာပါ။ “ကျ​နော်​တို့ဆီကို ကားငှားမယ့် ခရီးသည်​က ဖုန်း​ခေါ်ပြီဆိုရင်​ သွားမယ့် လမ်း​ကြောင်းမသိဘဲ ဖုန်းလက်​ခံရတယ်​။ ဘယ်​ခရီးသည်​စီးမယ်၊​ ဘယ်​ကိုသွားမယ်​ဆိုတာ မသိဘဲ လက်​ခံရတယ်​။ ခရီးသည်​ဆီကိုကျ ယာဉ်​​မောင်း​တွေရဲ့  အချက်​လက်​​တွေ အကုန်​သိခွင့်ပေးတယ်​။ ကျ​နော်​တို့ကျ ကား​ပေါ်​ရောက်​လာမှ ဘယ်​သွားမယ်​ ဆိုတာသိရပြီး ငြင်းပိုင်​ခွင့်မရှိဘူး။ ​နေ့ညမ​ရွေး သွား​နေရတဲ့အခါ ခရီးအကွာ​ဝေး လုံခြုံရေး ဘာတခုမှ ယာဉ်​​မောင်းကို အကာကွယ်​​ပေးထားတာ မရှိဘူး” လို့ ယာဉ်​​မောင်းကို သန့်​စင်​က​ပြောပါတယ်​။ ဒါ့အပြင်​ မန်ဘာဝင်​ထားတဲ့ ယာဉ်​​မောင်း​တွေအတွက်​ အခွင့်အ​ရေး ခံစားမှုတွေလည်း နည်းလာတယ်​လို့ ဆိုပါတယ်​။ “ကျ​နော်​တို့က​တော့ ပထမအဆင့်အ​နေနဲ့ ငြိမ်းချမ်းစွာဆန့်​ကျင်​တဲ့ ဖဲကြိုးဖြူကမ်​ပိန်းကို လုပ်​တာပါ။ မရမချင်း​တောင်းဆိုမှာပါ” လို့ ​ဖဲကြိုးဖြူကမ်​ပိမ်းမှာ ပါဝင်​တဲ့ ယာဉ်​​မောင်း​တွေက​ ပြောပါတယ်​။ လက်​ရှိမှာလည်း ကမ်​ပိန်းမှာ ပါဝင်​သူ​တွေဟာ grab နဲ့ ကားဝန်​​ဆောင်​မှုပေးခြင်းကို ရပ်​နားထားတယ်​လို့ သိရပါတယ်။ လက်​ရှိဖြစ်​ရပ်​​တွေနဲ့ ပတ်​သက်​ပြီး Grab ကုမ္ပဏီ ကို ဆက်​သွယ်​​မေးမြန်းကြည့်ရာမှာ​တော့ Grab အ​နေနဲ့ ခရီးသည်​သွားလိုတဲ့ တည်​​နေရာကို ယာဉ်​​မောင်းကို ​ပေးမသိတာဟာ ယာဉ်​​မောင်းအားလုံး တန်းတူအခွင့်​အ​ရေးရ​စေလိုတဲ့ Grab ရဲ့ ​ပေါ်လစီဖြစ်ကြောင်း၊ ဒီကမ်​ပိန်းအတွက် ​အမြန်​ဆုံး​ပြေလည်​​အောင်​ ယာဉ်​​မောင်း​တွေရဲ့ ​တောင်းဆိုမူ​တွေကို အနီးစပ်​ဆုံးဖြစ်​​အောင်​ ​ဖြေရှင်း​ပေးမယ်​လို့ ​ပြောပါတယ်​။ လက်​ရှိမြန်​မာနိုင်​ငံမှာ အငှားယာဉ်​ဝန်​​ဆောင်​မှုတွေ ဝင်​​ရောက်​တွင်​ကျယ်​လာ​နေပြီး​တော့ grab ဝန်​​ဆောင်​မှုက​တော့ အသုံးပြုသူ ဦး​ရေများတယ်​လို့ သိရပါတယ်
3 years Ago
Up