စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လူထုထောက်ခံပွဲတခုကို ဒီကနေ့ ပြုလုပ်ရာမှာ ဒေသခံပြည်သူ ၂၀၀၀ ခန့်ပါဝင်ခဲ့ပြီး ကောလင်းမြို့တွင်း လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဆန္ဒဖော်ထုတ်ပွဲမှာ ဒီမိုကရေစီမကျတဲ့ ပြဋ္ဌာန်းချက်ပါ ဥပဒေများ ပြင်ဆင်ပေးရေး၊ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ၂၁ ရာစုပင်လုံညီလာခံ အောင်ရမည် စတဲ့ ကြွေးကြော်သံတွေကို လည်း ကြွေးကြော်ခဲ့ကြပါတယ်။
ဒါ့အပြင် မြို့နယ်ဘောလုံးကွင်းအတွင်းမှာလည်း စာရေးဆရာ ဇော်ခိုင်ဦး၊ ကဗျာဆရာ ထွဏ်းသွေးအိမ်တို့က ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဟောပြောခဲ့ကြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံတဲ့အနေနဲ့ အနယ်နယ် အရပ်ရပ်မှာလည်း ကြိုဆိုထောက်ခံပွဲတွေကို ပြုလုပ်နေကြသလို စစ်ကိုင်းတိုင်း ၃၇ မြို့နယ် ထဲက မြို့နယ် ၃၀ လောက်မှာ ပြုလုပ်ခဲ့ပြီးလည်းဖြစ်ပါတယ်။
2 years Ago