ဖဲကြိုးအနီကမ်ပိန်း

February 3, 2021

ခန္တီးမြို့ပြည်သူဆေးရုံတွင် ဖဲကြိုးအနီကမ်ပိန်း စတင်ပြုလုပ်

တပ်မတော်အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့ စစ်ကိုင်းတိုင်း ခန္တီးပြည်သူ့ဆေးရုံမှာ ဖဲကြိုးနီကမ်ပိန်း ဒီနေမနက် စတင်ပြုလုပ်ခဲ့ကြပါတယ်။

ပြည်သူတင်မြှောက်တဲ့ အစိုးရကို လက်နက်အားကိုးပြီး အာဏာသိမ်းတဲ့အတွက် ဖဲကြိုးနီကမ်ပိန်း ပြုလုပ်ခဲ့တာလို့ ဆရာဝန်တဦးက ပြောပါတယ်။

“ကျနော်တို့က ဖဲကြိုးနီကမ်ပိန်းကို ဆေးရုံသွားတဲ့အခါတိုင်း တပ်ဆင်ထားမယ်။ အခုလို ဖဲကြိုးနီကမ်ပိန်းတွေ ခန္တီးမြို့မှာရှိတဲ့ ပြည်သူတွေကလည်း ပြုလုပ်သင့်တယ်။” 

ဖဲကြိုးနီကမ်ပိန်းကို ခန္တီးမြို့မှာရှိတဲ့ ခရိုင်/မြို့နယ်ကုသရေးရော၊ ပြည်သူ့ကျန်းမာရော အင်အားအကုန်လုံးကနေ သဘောတူပြုလုပ်ခဲ့တာလို့ ခန္တီးမြို့ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

“ကျမတို့က အာဏာရှင်လက်အောက်မှာ အလုပ်မလုပ်ဘဲ အကုန်လုံးနေမယ်ဆိုလည်း လူနာအတွက် အဆင်မပြေဘူး။ ခန္တီးမြို့မှာက ဆေးရုံးတစ်ခုတည်းရှိတာ  ကျမတို့ လူနာတွေပဲ အကုန်နစ်နာမှာ။ ဒါကြောင့် ဖဲကြိုးနီကမ်ပိန်းကို ဖေဖော်ဝါရီ ၃ ရက်နေ့ မနက် ၈ နာရီက စတင်ပြုလုပ်ခဲ့တယ်။” 

သတင်း - အောင်ဆန်းမြင့်

10 months Ago
Up