ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘတ်ခ်ကမ္ဘာ

A d v e r t i s e m e n t With Us

January 4, 2021

Master Chef Myanmar ဟင်းချက်ပြိုင်ပွဲ Top 5 ပြိုင်ပွဲဝင်များထွက်ပေါ်

မနေ့ညက ထုတ်လွှင့်ပြသခဲ့တဲ့ Master Chef Myanmar Season 3 ဟင်းချက်ပြိုင်ပွဲမှာတော့ နောက်တဆင့် ဆက်တက်နိုင်ခဲ့တဲ့ Top 5 ပြိုင်ပွဲဝင် ၅ ယောက် ထွက်ပေါ်လာခဲ့ပါတယ်။ ငါးရှဉ့်ကို အစွမ်းပြချက်ပြုတ်ယှဉ်ပြိုင်ကြရတဲ့ ခုတပတ်ရဲ့ Top 6 ပြိုင်ပွဲမှာ Winner ဆုကို အသက် ၃၅ နှစ်အရွယ် မသန်စွမ်းပြိုင်ပွဲဝင်တယောက်ဖြစ်တဲ့ ကိုရဲလွင်ဦးက ရရှိသွားခဲ့ပြီး ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင် ၅ ယောက်က Pressure Test အနေနဲ့ ဆက်လက် ယှဉ်ပြိုင်ရာမှာတော့ ပြိုင်ပွဲတလျှောက် အစွမ်းပြခဲ့တဲ့ နာမည်ကြီး ပြိုင်ပွဲဝင်တယောက် ဖြစ်တဲ့ မင်းခန့်မော်က လက်ပြနှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လတ်တလောမှာတော့ ပြိုင်ပွဲဝင်တွေထဲက ရဲလွင်ဦး၊ မြင့်သူထက်၊ မိုးသူ၊ နန်းထိုက်ဦးနဲ့ ဆုမွန်နှင်းတို့ ၅ ယောက်က နောက်တဆင့် ဆက်လက်တက်ရောက်နိုင်ခဲ့တာပါ။ ဒီပြိုင်ပွဲကို ရုပ်သံရှိုး အစီအစဉ်တခုအနေနဲ့ MRTV-4 ရုပ်သံလိုင်းကနေ Season 1 နဲ့ Season 2 တို့ကို ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ကာ တင်တင်ဦးနဲ့ အာကာတို့က Winner ဆုတွေ အသီးသီးရရှိခဲ့ကြပါတယ်။ ခုလက်ရှိ Season 3 ပြိုင်ပွဲကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတုန်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် ပြိုင်ဘက်တွေကြား ဟင်းချက်စွမ်းရည်အဆင့်ဆင့်နဲ့ ယှဉ်ပြိုင်ကြရတဲ့ ဒီ အစီအစဉ်မှာ Jean Marc Lemmery၊ ဦးရဲထွဋ်ဝင်း၊ ဒေါ်ဖြူဖြူတင်တို့က ဒိုင်တွေအနေနဲ့ အကဲဖြတ်အမှတ်ပေးခဲ့ကြတာဖြစ်ပြီး မှတ်ချက်တွေနဲ့အတူ ပရိသတ်တွေကြား လှုပ်လှုပ် ခတ်ခတ်ဖြစ်စေခဲ့တဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုတော့ အပတ်စဉ် တနင်္ဂနွေနေ့ည ၆.၅၀ နာရီတိုင်းမှာ ထုတ်လွှင့် တင်ဆက်ပေးနေတာဖြစ်ပြီး နောက်တပတ်မှာ Top 5 ပြိုင်ပွဲဝင်တွေက ဘယ်လို အချက် အပြုတ်စွမ်းရည်တွေနဲ့ အစွမ်းပြကြမလဲ၊ ဘယ်သူက လက်ပြနှုတ်ဆက်ပြီး ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် ဆက်တက်သွားနိုင်မလဲဆိုတာကို စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
2 months Ago
Up