ဖေ့စ်ဘွတ်ခ်ပေါ် လုပ်ငန်း

July 22, 2020

ကိုဗစ်-၁၉ ကြောင့် ဖေ့စ်ဘွတ်ခ်ပေါ် လုပ်ငန်းလည်ပတ်ဆောင်ရွက်သည့် အသေးစားစီးပွားရေး လုပ်ငန်းတွေများ ထိခိုက်

မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်ပေါ်ကနေ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေတဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေရဲ့  ၃၂ ရာခိုင်နှုန်းဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဝန်ထမ်းအရေအတွက် လျှော့ချခဲ့ရတယ်လို့ စစ်တမ်းတခုမှာဖော်ပြောပါတယ်။ ဖေ့စ်ဘွတ်ခ်၊ ကမ္ဘာ့ဘဏ်၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်ရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMBs) တွေရဲ့ ကိုဗစ်-၁၉ ကာလ စီးပွားရေး သက်ရောက်မှုနဲ့ ပတ်သက်ပြီး “အသေးစား စီးပွားရေးလုပ်ငန်းများ အခြေအနေ” ခေါင်းစဉ်နဲ့ စစ်တမ်း အစီရင်ခံစာတစ်စောင်ကို  အခု သီတင်းပတ်အတွင်း ထုတ်ပြန်ရာမှာ ဖော်ပြထားတာပါ။  စစ်တမ်းအရ မြန်မာနိုင်ငံရှိ အသေးစားစီးပွားရေးလုပ်ငန်းတွေရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ ၅၃ ရာခိုင်နှုန်းဟာ ကြီးမားတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပေမဲ့ အနာဂတ်မှာ ပိုမို ကောင်းမွန်လာဖို့ အကောင်းမြင်စိတ်နဲ့ မျှော်လင့်ကြောင်း ဖြေကြားခဲ့ကြတယ်လို့ဆိုပါတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေတဲ့ အသေးစားစီးပွားရေး လုပ်ငန်းတွေ ရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ ၅၁ ရာခိုင်နှုန်းဟာ မနှစ်ကဒီလိုအချိန်နဲ့ နှိုင်းယှဉ်ပါက ရောင်းအား ကျဆင်းခဲ့ပြီး ၃၀ ရာခိုင်နှုန်းကတော့  လာမယ့်လအနည်းငယ်အတွင်း ငွေကြေးလည်ပတ်စီးဆင်းမှု အခက်အခဲရှိလာမယ်လို့ ခန့်မှန်းပါတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေတဲ့ အသေးစားစီးပွားရေး လုပ်ငန်းတွေ ရဲ့ ၃၉ ရာခိုင်နှုန်းမှာ ၂၀၂၀ ခုနှစ်၊ မေလအတွင်း ရောင်းအားရဲ့ ၂၅ ရာခိုင်နှုန်းအထက် ကို ဒစ်ဂျစ်တယ်စနစ်နဲ့  ဆောင်ရွက်ခဲ့ကြတယ်လို့ စစ်တမ်းအရ သိရပါတယ်။ အဆိုပါစစ်တမ်းကို ၂၀၂၀ မေလ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဝန်ထမ်းတွေ အပါအဝင် ၂၁၂ ဦး ပါဝင်ဖြေဆိုခဲ့ ကြပါတယ်။  
1 year Ago
Up