ဗြိတိန်နိုင်ငံ၊ ရိဒင်းမြို့က ဖော်ဘာရီဥယျာဉ်မှာ ဇွန်လ ၂၀ ရက်က အမျိုးသား ၁ ယောက်က ဓားနဲ့လိုက်ထိုးတာကြောင့် ၃ ယောက် သေဆုံးပြီး ၃ ယောက် အပြင်းအထန် ဒဏ်ရရှိခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၂၅နှစ်အရွယ် အမျိုးသားကို လူသတ်မှု သံသယနဲ့ ဖမ်းထားတယ်လို့ သိရပါတယ်။
လန်ဒန်အနောက်ပိုင်း မိုင်လေးဆယ်အကွာ ရိဒင်းမြို့ ဖော်ဘာရီဥယျာဉ်မှာ ရှိနေတဲ့လူတွေကို အမျိုးသားတယောက် ရမ်းရမ်းကားကား တိုက်ခိုက်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း အခင်ဖြစ်နေရာကို စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေပြီး ဒီဖြစ်ရပ်ကို အကြမ်းဖက်မှုအဖြစ် သတ်မှတ်ကိုင်တွယ်တာ မလုပ်သေးဘူးလို့ ရဲက ပြောပါတယ်။
ဒီဥယျာဉ်ဟာ သမိုင်းဝင်နေရာမှာ ရှိပြီး လူတွေ လူမှုရေးအတွက် လူစုလူဝေးလုပ်ဖို့ သုံးလေ့ရှိတဲ့ နေရာလို့ မြို့ ကိုယ်စားပြု လွှတ်တော်အမတ်တယောက်က ပြောပါတယ်။
8 months Ago