ဖောက်ပြန်သည့်

November 4, 2019

အိမ်ထောင်ရေး ဖောက်ပြန်သည့် အင်ဒို အမျိုးသားနှင့်အမျိုးသမီးတို့ကို လူပုံအလယ် ကြိမ်ဒဏ်ပေး

အစ္စလာမ္မစ် ဥပဒေကျင့်သုံးဖို့ ‌ဒေသန္တရအစိုးရကို အကြံပေးခဲ့တဲ့ အင်ဒိုနီးရှား အမျိုးသားတယောက်ဟာ အိမ်ထောင်ရေး ဖောက်ပြန်မှုအတွက် လူပုံအလယ်မှာ ကြိမ်ဒဏ် ၂၈ ချက် အပြစ်ပေးခံခဲ့ရပါတယ်။  အာချေး အူလေမန် ကောင်စီ (MPU) ရဲ့အဖွဲ့ဝင် အသက် ၄၆ နှစ်အရွယ် မူခလစ်စ် ဘင် မိုဟမ်မဒ်ကို ဘာသာရေးအရာရှိက အများပိုင်ပန်းခြံထဲမှာ အောက်တိုဘာ ၃၁ ရက်က ကြိမ်နဲ့ရိုက်ခဲ့တာပါ။ သူနဲ့ ဆက်ဆံရေးရှိခဲ့တဲ့ အမျိုးသမီးကိုလည်း လူပုံအလယ်မှာ ကြိမ်ဒဏ် ၂၃ ချက် ပြစ်ဒဏ်ပေးခဲ့တာပါ။  အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းက အစွန်းရောက် ရှေးရိုးစွဲ အာချေးပြည်နယ်ဟာ ရှရီးယားဥပဒေကို ကျင့်သုံးလို့ ခုလို အပြစ်ပေးခံရတာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့မွတ်စလင်ဦးရေ အများဆုံး အင်ဒိုနီးရှားနိုင်ငံအတွင်း အာချေးပြည်နယ်ဟာ ၂၀၀၁ ခုနှစ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခဲ့ပြီးနောက် ၂၀၀၅ ခုနှစ်ကစတင်ကာ လူပုံအလယ် ကြိမ်ရိုက် အပြစ်ပေးမှုကို စတင်ကျင့်သုံးခဲ့ပါတယ်။ အာချေးပြည်နယ်အတွင်း ခိုးမှုနဲ့ လောင်းကစားမှု အပါအဝင် ပြစ်မှုတွေအတွက် ကြိမ်ဒဏ်ပေးပြီး ၂၀၁၄ မှာတော့ လိင်တူချင်း ချစ်ကြိုက်မှုကို တရားမဝင်ဘူးလို့ ကြေညာခဲ့ပါတယ်။
2 years Ago
Up