အီတလီအသင်းနဲ့အတူ ၂၀၀၆ ကမ္ဘာ့ဖလားရယူနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း ဖေဘီယိုကနာဗားရိုးဟာ တရုတ်စူပါလိဂ်ကလပ်မှာ ပျော်ရွှင်နေပေမယ့် အနာဂတ်မှာ အီတလီမြေကို ပြန်သွားပြီး နည်းပြ လုပ်ချင်တယ်လို့ ပြောပါတယ်။
ကနာဗားရိုးဟာ စူပါလိဂ်ကလပ် ကွမ်ကျိုးအဲဗားဂရန်ဒီအသင်းနဲ့ ဒုတိယရာသီ ဖြတ်သန်းအပြီးမှာတော့ တရုတ်ကလပ်အတွက် AFC ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့သလို တရုတ်စူပါလိဂ်ဖလားလည်း ရယူပေးနိုင်ခဲ့ပါတယ်။
ကွမ်ကျိုးအဲဗားဂရန်ဒီအသင်းဟာ တရုတ်စူပါလိဂ်မှာ ၉ ရာသီအတွင်း ၈ ကြိမ်ထိ ချန်ပီယံ ဖြစ်ခဲ့သလို ကနာဗာရိုးဟာလည်း အသင်းနဲ့အတူ ဒုတိယအကြိမ် အောင်မြင်မှု ဆုဖလားရရှိခဲ့တာ ဖြစ်ပါတယ်။
3 years Ago