ဖူးခတ်

July 7, 2018

ဖူးခတ် သင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၃၇ ထိမြင့်တက်၊ ၁၈ ဦး ပျောက်ဆုံးနေ

ထိုင်းနိုင်ငံ၊ ဖူးခတ်ကျွန်းကမ်းလွန်မှာ ဇွန်လ ၆ ရက်နေ့ကဖြစ်ခဲ့တဲ့ သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးသူ ၃၇ ဦးအထိ မြင့်တက်လာပြီး ၁၈ ဦးပျောက်ဆုံး နေတယ်လို့ ထိုင်းရေတပ်အရာရှိတွေက ပြောပါတယ်။ သေဆုံးသူ ရုပ်အလောင်းအများစုကို မှောက်လျက်အနေအထားနဲ့ တွေ့ခဲ့တာဖြစ်ပြီး အသက်ကယ်အင်္ကျီတွေ ဝတ်ထားတယ်လို့ ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေကို ကိုးကားပြီး Channel News Asia သတင်းမှာ ဖော်ပြပါတယ်။ တရုတ်ကမ္ဘာလှည့်ခရီးသွားတွေ အများစုလိုက်လာတဲ့ ဖီးနစ်သင်္ဘောဟာ ဇူလိုင် ၅ ရက်နေ့ ညနေခင်းမှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းအတွင်း ၁၅ ပေမြင့်တဲ့ လှိုင်းနဲ့ရိုက်မိပြီး နစ်မြုပ်ခဲ့ တာပါ။ အဲဒီသင်္ဘောပေါ်မှာ ကမ္ဘာလှည့်ခရီးသည် ၉၃ ဦး၊ သင်္ဘော အမှုထမ်း ၁၁ ဦး၊ ဧည့်လမ်းညွှန် တဦးအပါအဝင် စုစုပေါင်း လူ ၁ဝ၅ ဦး လိုက်ပါလာခဲ့ပါတယ်။ သင်္ဘောဝမ်းပိုက်ထဲမှာ အလောင်း ၁ဝ လောင်းကို ရေငုပ်သမားတွေက တွေ့ထားတယ်လို့ ထိုင်းရေတပ် ဗိုလ်ချုပ် ကရွန်ဖွန်ခုန်းက အစောပိုင်းမှာပြောထားပါတယ်။
3 years Ago
Up