ဖူးခက်တွင် ရုရှားနိုင်ငံသားနှင့် ထိုင်းတက္ကစီသမားတို့ ခိုက်ရန်ဖြစ် (ရုပ်သံ)

A d v e r t i s e m e n t With Us

October 26, 2016

ဖူးခက်တွင် ရုရှားနိုင်ငံသားနှင့် ထိုင်းတက္ကစီသမားတို့ ခိုက်ရန်ဖြစ် (ရုပ်သံ)

ထိုင်းတောင်ပိုင်း ဖူးခက်ခရိုင် ဖူးခက်မြို့ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရုရှားနိုင်ငံသား ကမ္ဘာလှည့် ခရီးသည်တဦးနဲ့ ထိုင်းတက္ကစီမောင်းသမားတွေကြား ခိုက်ရန်ဖြစ်ပွားပြီး တက္ကစီသမား ၃ ဦး ဒဏ်ရရကာ ၁ ဦးက ပြင်းစွာဒဏ်ရာရသွားတယ်လို့  ထိုင်း ရတ်သတင်းမှာ ဖော်ပြပါတယ်။ အောက်တိုဘာ ၂၃ ရက် ညနေပိုင်း ၂ နာရီ ၄၀ မိနစ်လောက်က ကမ္ဘာလှည့်ခရီးသည်တဦးဟာ big bike လို့ခေါ်တဲ့ ဆိုင်ကယ်ကြီးစီးပြီး ဖူးခက်မြို့  ကလွန်ရပ်ကွက် သီစင်တာကုန်တိုက်အနီး တက္ကစီဂိတ်ကို ဖြတ်ကျော်သွားစဉ် အလွန်မြန်ဆန်ကျယ်လောင်ပြီး အိတ်ဇောပိုက်မီးခိုးတွေ ထွက်လာတဲ့အတွက် တက္ကစီသမားတွေက ဖြည်းဖြည်းမောင်းဖို့ အော်ပြောခဲ့ကြောင်း၊ ကမ္ဘာလှည့်ခရီးသည်ဟာ ရှေ့ကို မီတာ ၁၀၀ လောက်အရောက် အနောက်ပြန်လှည့်လာပြီး တက္ကစီသမားတွေကို အင်္ဂလိပ်လို အော်ဟစ်ဆဲဆိုရာက တဖက်နဲ့ တဖက် အချင်းများခဲ့ရတာလို့ ကလွန်ရဲစခန်းမှ လက်ထောက်စခန်းမှူး ရဲမှူး နိဖန်း တိမ်းဆန်ခ်က သတင်းထောက်တွေကို ပြောပါတယ်။ ဒီအချင်းများမှုမှာ ကနဦးဒဏ်ရာရသူ ၄ ဦးရှိကြောင်း၊ အားလုံး တက္ကစီမောင်းသမား ဘက်ကချည်းဖြစ်ပြီး တဦးမှာ ဒဏ်ရာမပြင်းတဲ့အတွက် ဆေးရုံဆင်းသွားပြီး လက်ရှိ ၃ ဦးကျန်ကာ တဦးမှာ ခေါင်းက အုတ်ခဲနဲ့အထုခံထားရတဲ့အတွက် ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံသားတွေကတော့ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ သိရပါတယ်။ တက္ကစီသမားတွေဟာ အောက်တိုဘာ ၂၄ ရက်နေ့က ရဲစခန်းမှာ လာရောက်တိုင်ချက်ဖွင့်ထား ခဲ့ကြောင်း၊  ဒါဟာ တက္ကစီမောင်းသမားတွေရဲ့ ဖွင့်ဆိုချက်သာဖြစ်ပြီး  အမှုကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ဖို့  ၂ ဖက်လုံးရဲ့ ထွက်ဆိုချက်တွေရအောင် လုပ်ဆောင်နေတယ်လို့  ရဲမှူးက ပြောသွားပါတယ်။
4 years Ago
Up