ဖူးကတ်တွင် ဆောက်လက်စတိုက်ပြိုကျသဖြင့် မြန်မာလုပ်သား ၁ ဦးသေဆုံး၊ ၂ ဦးပျောက်ဆုံး

August 12, 2019

ဖူးကတ်တွင် ဆောက်လက်စတိုက်ပြိုကျသဖြင့် မြန်မာလုပ်သား ၁ ဦးသေဆုံး၊ ၂ ဦးပျောက်ဆုံး

ထိုင်းတောင်ပိုင်း၊ ဖူးကတ်မြို့မှာ ယမန်နေ့ညနေပိုင်းက ဆောက်လက်စ ကွန်ဒို မီနီယံတိုက်ပြိုကျပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်က မြန်မာအလုပ်သမားတချို့ သေဆုံး ဒဏ်ရာရခဲ့ကြပါတယ်။ ဖူးကတ်မြို့ ရာဝိုင်းအုပ်စုထဲက VIP Galaxy အမည်ရှိ ဆောက်လက်စ ကွန်ဒိုမီနီယံတိုက်ဟာ မနေ့ညနေ ၂ နာရီလောက်က သံငြမ်းစင်ပြိုကျပြီး အလုပ်သမားတွေ သေဆုံးဒဏ်ရာရခဲ့ကြတယ်လို့ ဖူကက် လက်ထောက် ခရိုင် ဝန် နိုင်းထန်းဝပ် ချန်ဖိနစ်က သတင်းထောက်တွေကို ပြောပါတယ်။ အဆိုပါ လုပ်ငန်းခွင်မတော်တဆဖြစ်မှုမှာ ကနဦး သေဆုံးသူ ၁ ဦးရှိပြီး ၂ ဦးမှာ ပြိုကျတဲ့ အပျက်အစီးတွေအောက် ပျောက်ဆုံးလျက်ရှိကြောင်း၊ ဒဏ်ရာရသူ ၈ ဦးရှိကာ အားလုံးကို ဖူးကတ် ချလောင်ဆေးရုံ၊ ဝချီရ ဆေးရုံနဲ့ တီပုတ်ဆေးရုံ ၃ ခုသို့ အသီးသီး ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ အဆိုပါအဆောက်အဦမှာ ဆောက်လက်စ ၃ ထပ်တိုက်ခန်းဖြစ်ပြီး  အလုပ်သမားတွေက ငြမ်းစင်ပေါ်ကနေ ဒုတိယထပ်ကို အင်္ဂတေလောင်းစဉ် ငြမ်းစင်မှ စတင်ပြိုကျသွားတာဖြစ်ပါတယ်။ အပျက်အစီးပုံအောက် ရောက်သွားသူတွေကို ရှာဖွေရာမှာ ၂ နာရီလောက်အကြာမှာတော့ ၁ ဦးကို အလောင်းအဖြစ် ဖော်ယူရရှိပြီး ၂ ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း၊ မတော်တဆဖြစ်ရပုံ အသေးစိတ်ကို မသိရသေးပေမယ့်လည်း ငြမ်းစင်အလေးချိန်များလို့ ဝန်ပိပြီး ပြိုကျတာလို့ တာဝန်ရှိသူတွေက သုံးသပ်ပါတယ်။ ပျောက်ဆုံးသူတွေကို ဇုန် ၄ ဇုန်ခွဲပြီး ကရိန်းစက်တွေ မ ချီကာ အမြန်ဆုံး ရှာဖွေနေပြီး သူတို့ရှိမယ့်နေရာကို သိနိုင်ဖို့ သူတို့လက်ကိုင်ဖုန်းတွေဆီ ဖုန်းဆက်ခေါ်ပေမယ့် ဖုန်းကိုင်သူ မရှိဘူးလို့ ဆိုပါတယ်။ နောက်ဆက်တွဲသတင်းအရ ဒီနေ့မနက် ၂ နာရီခွဲလောက်မှာတော့ ၁ ဦးကို မြေအောက်ခန်းရှိ အုတ်ပုံတွေကြားကနေ ခဲရာခဲဆစ်ဆွဲထုတ်နိုင်ခဲ့ပေမယ့် သေဆုံးသွားပြီဖြစ်ကြောင်း၊  ထိုသူမှာ အသက် ၃၆ နှစ်ရွယ်ရှိ မင်းနိုင်ဆိုသူ မြန်မာလုပ်သား ၁ ဦးဖြစ်ပြီး အလောင်းကို လိုအပ်သလို စစ်ဆေးဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဝချီရ ဆေးရုံကို ပို့ဆောင်ထားကာ နောက်ထပ် သိန်းထွန်း ဆိုသူ မြန်မာအလုပ်သမား ၁ ဦးကိုတော့ ဆက်လက်ရှာဖွေနေဆဲဘဲလို့   phukethotnews သတင်းမှာ ဖော်ပြပါတယ်။   Source: https://www.thairath.co.th/news/local/south/1635498
ဖူးကတ္တြင္ ေဆာက္လက္စတိုက္ၿပိဳက်သျဖင့္ ျမန္မာလုပ္သား ၁ ဦးေသဆုံး၊ ၂ ဦးေပ်ာက္ဆုံး DVB ထိုင္းေတာင္ပိုင္း၊ ဖူးကတ္ၿမိဳ႕မွာ ယမန္ေန႔ညေနပိုင္းက ေဆာက္လက္စ ကြန္ဒို မီနီယံတိုက္ၿပိဳက်ၿပီး ေဆာက္လုပ္ေရးလုပ္ငန္းခြင္က ျမန္မာအလုပ္သမားတခ်ိဳ႕ ေသဆုံး ဒဏ္ရာရခဲ့ၾကပါတယ္။ ဖူးကတ္ၿမိဳ႕ ရာဝိုင္းအုပ္စုထဲက VIP Galaxy အမည္ရွိ ေဆာက္လက္စ ကြန္ဒိုမီနီယံတိုက္ဟာ မေန႔ညေန ၂ နာရီေလာက္က သံျငမ္းစင္ၿပိဳက်ၿပီး အလုပ္သမားေတြ ေသဆုံးဒဏ္ရာရခဲ့ၾကတယ္လို႔ ဖူကက္ လက္ေထာက္ ခ႐ိုင္ ဝန္ ႏိုင္းထန္းဝပ္ ခ်န္ဖိနစ္က သတင္းေထာက္ေတြကို ေျပာပါတယ္။ အဆိုပါ လုပ္ငန္းခြင္မေတာ္တဆျဖစ္မႈမွာ ကနဦး ေသဆုံးသူ ၁ ဦးရွိၿပီး ၂ ဦးမွာ ၿပိဳက်တဲ့ အပ်က္အစီးေတြေအာက္ ေပ်ာက္ဆုံးလ်က္ရွိေၾကာင္း၊ ဒဏ္ရာရသူ ၈ ဦးရွိကာ အားလုံးကို ဖူးကတ္ ခ်ေလာင္ေဆး႐ုံ၊ ဝခ်ီရ ေဆး႐ုံနဲ႔ တီပုတ္ေဆး႐ုံ ၃ ခုသို႔ အသီးသီး ပို႔ေဆာင္ထားတယ္လို႔ ဆိုပါတယ္။ အဆိုပါအေဆာက္အဦမွာ ေဆာက္လက္စ ၃ ထပ္တိုက္ခန္းျဖစ္ၿပီး အလုပ္သမားေတြက ျငမ္းစင္ေပၚကေန ဒုတိယထပ္ကို အဂၤေတေလာင္းစဥ္ ျငမ္းစင္မွ စတင္ၿပိဳက်သြားတာျဖစ္ပါတယ္။ အပ်က္အစီးပုံေအာက္ ေရာက္သြားသူေတြကို ရွာေဖြရာမွာ ၂ နာရီေလာက္အၾကာမွာေတာ့ ၁ ဦးကို အေလာင္းအျဖစ္ ေဖာ္ယူရရွိၿပီး ၂ ဦးကို ဆက္လက္ရွာေဖြေနဆဲျဖစ္ေၾကာင္း၊ မေတာ္တဆျဖစ္ရပုံ အေသးစိတ္ကို မသိရေသးေပမယ့္လည္း ျငမ္းစင္အေလးခ်ိန္မ်ားလို႔ ဝန္ပိၿပီး ၿပိဳက်တာလို႔ တာဝန္ရွိသူေတြက သုံးသပ္ပါတယ္။ ေပ်ာက္ဆုံးသူေတြကို ဇုန္ ၄ ဇုန္ခြဲၿပီး ကရိန္းစက္ေတြ မ ခ်ီကာ အျမန္ဆုံး ရွာေဖြေနၿပီး သူတို႔ရွိမယ့္ေနရာကို သိႏိုင္ဖို႔ သူတို႔လက္ကိုင္ဖုန္းေတြဆီ ဖုန္းဆက္ေခၚေပမယ့္ ဖုန္းကိုင္သူ မရွိဘူးလို႔ ဆိုပါတယ္။ ေနာက္ဆက္တြဲသတင္းအရ ဒီေန႔မနက္ ၂ နာရီခြဲေလာက္မွာေတာ့ ၁ ဦးကို ေျမေအာက္ခန္းရွိ အုတ္ပုံေတြၾကားကေန ခဲရာခဲဆစ္ဆြဲထုတ္ႏိုင္ခဲ့ေပမယ့္ ေသဆုံးသြားၿပီျဖစ္ေၾကာင္း၊ ထိုသူမွာ အသက္ ၃၆ ႏွစ္႐ြယ္ရွိ မင္းႏိုင္ဆိုသူ ျမန္မာလုပ္သား ၁ ဦးျဖစ္ၿပီး အေလာင္းကို လိုအပ္သလို စစ္ေဆးဖို႔ ကယ္ဆယ္ေရးအဖြဲ႕ေတြက ဝခ်ီရ ေဆး႐ုံကို ပို႔ေဆာင္ထားကာ ေနာက္ထပ္ သိန္းထြန္း ဆိုသူ ျမန္မာအလုပ္သမား ၁ ဦးကိုေတာ့ ဆက္လက္ရွာေဖြေနဆဲဘဲလို႔ phukethotnews သတင္းမွာ ေဖာ္ျပပါတယ္။ Source: https://www.thairath.co.th/news/local/south/1635498
2 years Ago
Up