မနေ့ညက ကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖူလ်ဟမ်အသင်းဟာ အဲဗာတန်အသင်းကို ၂ဂိုးပြတ်နဲ့ အနိုင်ရရှိပြီး နောက်ဆုံး ၁၀ ပွဲမှာ ပထမဆုံး အကြိမ်နိုင်ပွဲပြန်လည်ရ ရှိခဲ့ပါတယ်။
ဒီပွဲပွဲမှာ သွင်းဂိုး ၁ဂိုးသွင်းယူပေးခဲ့တဲ့ ကေနီက ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။
ယာယီနည်းပြ စကော့ပါကားလက်ထက်မှာ အသင်းကို ပြန်လည်တည်ဆောက်နေရတဲ့ ဖူလ်ဟမ်အသင်းဟာ ဒီရာသီအတွက် ပဉ္စမမြောက်နိုင်ပွဲရရှိတာလည်းဖြစ်ပါတယ်။
စကော့ပါကားဟာ ဖူဟန်ရဲ့ အရင်နည်းပြ ရာနီယေးရီ ထွက်ခွာခဲ့ပြီးနောက် ရာသီကုန်အထိ ဖူလ်ဟမ်အသင်းကို ကိုင်တွယ်ဖို့ ယာယီတာဝန်ယူနေသူလည်း ဖြစ်ပါတယ်။
နည်းပြသစ်နဲ့ ပတ်သက်ပြီး ကေနီက “စကော့ပါကားရောက်ရှိလာချိန်မှာ ကစားသမား တွေရဲ့ ကြိုးစားအားထုတ်တာကို တွေ့မြင်နေရပြီး သတင်း ၄၊ ၅ ပတ်အတွင်းမှာ အသင်းရဲ့ ပုံစံကို ပြန်လည်မြှင့်တင်ပေး နိုင်ခဲ့တယ်” လို့ ပြောပါတယ်။
လက်ကျန်ပွဲ ၃ ပွဲသာကျန်ရှိတော့ ချိန်မှာ တန်းဆင်းဖို့ သေချာနေခဲ့တဲ့ ဖူလ်ဟမ် အသင်းဟာ လာမယ့်ပွဲစဉ်တွေအဖြစ် ဘုန်းမောက်၊ ကာဒစ်ဖ်၊ ဝုဗ်၊ နယူးကာဆယ်အသင်းတွေနဲ့ ကစားဖို့ ကျန်ရှိပါတယ်။
4 years Ago