ဖုန်းနှင့် အင်တာနက်

July 10, 2021

တယ်လီနောမြန်မာကုမ္ပဏီ၏ ဖုန်းနှင့် အင်တာနက် ပက်ကေ့ချ်ဝန်ဆောင်မှုအချို့ ရပ်နား

စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားလာတာကြောင့် မိုဘိုင်းဖုန်းသုံးစွဲသူတွေအတွက် ဈေးလျှော့ပေးထားတဲ့ ပက်ကေ့ချ်  ၁၀ ခုကျော်ကို ဆက်မပေးနိုင်တော့ဘဲ တခြားပက်ကေ့ချ်တွေမှာလည်း အပိုပေးထားတာတွေကို လျှော့ရတော့မယ်လို့ တယ်လီနော မြန်မာကုမ္ပဏီက  ထုတ်ပြန်ပါတယ်။

ဖုန်းပြောတာနဲ့ အင်တာနက်သုံးတဲ့ ပက်ကေ့ချ် ၁၂ ခုကို ရပ်နားလိုက်ရပြီး အင်တာနက် ပက်ကေ့ခ်ျ ၄ ခုမှာ အပိုပေးထားတာတွေလည်း  ဆက်မပေးနိုင်တော့ဘူးလို့ ကြေညာပါတယ်။

ဝန်ဆောင်ခနှုန်းထားတွေကို ပြင်ဆင်ဖို့ စစ်ကောင်စီက ညွှန်ကြားလာတာကြောင့်ဖြစ်ပြီး ဇူလိုင် ၁၂ ရက် ည ၁၂ နာရီအထိ ဝယ်ယူနိုင်မှာဖြစ်သလို အဲဒီပက်ကေ့ဂျ်တွေကို သက်တမ်းကုန်ချိန်အထိ သုံးနိုင်မယ်လို့ ဆိုပါတယ်။

နော်ဝေဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီကြီး တယ်လီနောဟာ မြန်မာနိုင်ငံရှိ သူ့ရဲ့လုပ်ငန်းတွေကို လက်ဘနွန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ M1 Group ဆီကို အမေရိကန်ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချလိုက်ပြီလို့ ဇူလိုင် ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

6 months Ago
Up