ဖုန်းနှင့် ငွေကြေ;

April 3, 2021

ဖမ်းဆီးခံ ဆန္ဒပြပြည်သူများ၏ ဖုန်းနှင့် ငွေကြေးများ ပြန်မရ

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဆန္ဒပြပြည်သူတွေရဲ့ ဖုန်းတွေနဲ့ ပိုက်ဆံတွေ ပြန်မရဘဲ ပျောက်ဆုံးနေတဲ့အပြင် အမှုအတွက် ဆန္ဒပြည်သူနဲ့ တွေဆုံမေးမြန်းခွင့်ကိုလည်း အချိန် ၇ မိနစ်သာ ပေးတယ်လို့ အမှုကို လိုက်ပါ ဆောင်ရွက်နေတဲ့ ရှေနေ့တွေက ပြောပါတယ်။ 

မော်လမြိုင်မှာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရင်း အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံလိုက်ရသူ ၁၀၀ ကျော်အထိ ရှိပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဆန္ဒပြပြည်သူ ၆၀ ကျော်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားသလို ဆန္ဒပြပြည်သူ ၃၀ ကျော်ကိုတော့ ပြည်သူ့ဝန်ထမ်းက ထုတ်ပြန်တဲ့ အမိန့်ကို ဖီဆန်မှု ပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်ကာ  အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဆန္ဒပြပြည်သူတွေရဲ့ ဖုန်းတွေနဲ့ ပိုက်ဆံတွေဟာ ဖမ်းဆီးပြီးနောက် လက်သည်မပေါ်ဘဲ ပျောက်ဆုံးနေတယ်လို့ တရားလွှတ်တော် ရှေနေ့ တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဆန္ဒပြပြည်သူ ၁၀၀ ကျော်ကို မိသားစုနဲ့ တွေ့ခွင်မပေးသလို ဖမ်းဆီးခံရပြီးနောက် ကျိုက်မရော အကျဉ်းထောင်ကို ပို့ခံထားရတာ ဖြစ်ပါတယ်။

အကျဉ်းထောင်မှာ ဖမ်းဆီးထားသူတွေနဲ့ အမှုအတွက် တွေ့ဆုံမေးမြန်းခွင့် တရားရုံးက အချိန် ၇ မိနစ်သာ ပေးတယ်လို့ တရားလွှတ်တော် ရှေနေ့တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဆန္ဒပြပြည်သူ အများစုဟာ ဖမ်းဆီးစဉ် အကြမ်းဖက် ခံရပြီးနောက် အကျဉ်းထောင်ရောက်တဲ့ အချိန်မှာတော့ ဖမ်းဆီးနှိပ်စက်တာ မခံရဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဆန္ဒပြပြည်သူတွေကို အကျဉ်းထောင်မှာ တရားရုံဖွင့်လှစ်ပြီး စစ်ဆေးနေပါတယ်။ ဖမ်းဆီးခံရသူ အားလုံးနီးပါးကို ထောင်ဒဏ်ရော ငွေဒဏ်ပါ ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲထားတာပါ။

8 months Ago
Up