ဖုန်းနှင့်ဆိုင်ကယ်

July 15, 2021

မန္တလေးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဓားဖြင့်ထိုးပြီး ဖုန်းနှင့်ဆိုင်ကယ် လုယူ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုပန်းခြံလမ်း၊ ၁၂၇ လမ်းနဲ့ ၁၂၈ လမ်းကြား၊ ကျော်ကျော်အောင်ဈေးနားမှာ ဇူလိုင် ၁၄ ရက် ည ၉ နာရီ ၄၅ မိနစ်လောက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးအား ဓားနဲ့ထိုးပြီး ဖုန်း ဆိုင်ကယ် လုယူမှုဖြစ်ပွားခဲ့ပါတယ်။

တောင်မြင့်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကိုဦးဟာ ဆိုင်ကယ်နဲ့ နေအိမ်ကိုပြန်လာတဲ့အချိန် စက်မှုပန်းခြံလမ်း၊ ၁၂၇လမ်းနှင့် ၁၂၈ လမ်းကြားမှာ ဆိုင်ကယ် ၂ စီးနဲ့ အမည်မသိ လူ ၄ ယောက်က ဓားနဲ့ထိုးပြီး ဖုန်းနဲ့ဆိုင်ကယ် လုယူထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ဓားနဲ့ ထိုးခံခဲ့ရတဲ့ တောင်မြင့်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကိုဦးရဲ့ ဝဲဘက်လက်ပြင်မှာ ၄ လက်မခန့် ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ မှုခင်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေ လှည့်လည်နေပေမယ့် အခုရက်ပိုင်းအတွင်း ဓားထောက်ပြီး ဆိုင်ကယ်လုယက်တာတွေ၊ ဆိုင်ကယ်ခိုးမှုတွေ နေရာအနှံ့ဖြစ်နေပါတယ်။

6 months Ago
Up