ဖုန်းယူကြည့်ခဲ့သည့် အမျိုးသမီး

October 13, 2018

ခင်ပွန်း ခွင့်ပြုချက်မရှိဘဲ ဖုန်းယူကြည့်ခဲ့သည့် အမျိုးသမီး ထောင်ဒဏ် ၃ လကျ

ယူအေအီးနိုင်ငံမှာ    ခင်ပွန်းသည်ရဲ့ဖုန်းကို ခွင့်ပြုချက်မရှိဘဲ ဝင်ကြည့်ခဲ့တဲ့ အမျိုးသမီးတဦးဟာ ထောင်ဒဏ် ၃ လ ချမှတ်ခံခဲ့ရတယ်လို့ OC သတင်းမှာဖော်ပြပါတယ်။ ဒီဖြစ်ရပ်မှာ ခင်ပွန်းဖြစ်တဲ့ အမည်မဖော်လိုသူအမျိုးသားက သူ့ဇနီးကို ပြန်တရားစွဲခဲ့တာဖြစ်ပြီး ဒီအမျိုးသမီးဟာ သူအိပ်နေချိန်မှာ ဖုန်းထဲမှာရှိတဲ့ ဓာတ်ပုံတွေ၊ စကားပြောထားတဲ့ မှတ်တမ်းတွေနဲ့ ကျန်အချက်အလက်တွေအားလုံးကို သူမဖုန်းထဲကို ကူးယူခဲ့တယ်လို့ တရားရုံးကို ပြောကြားခဲ့ပါတယ်။ ဒ့ါအပြင် အဲဒါတွေထဲက တချို့အချက်အလက်တွေကို သူမရဲ့ဆွေမျိုးတွေဆီ ပြန်လည်မျှဝေခဲ့တယ်လို့လည်း အမျိုးသားရဲ့ တိုင်ချက်မှာ ပါဝင်ပါတယ်။ အမျိုးသမီးဘက်က ဒီစွပ်စွဲချက်ကို ငြင်းဆိုပြီး သူမအမျိုးသားဟာ အရင်က ဖောက်ပြန်ခဲ့ဖူး ကြောင်း၊ သူမဟာ ခင်ပွန်းသည် ပေးထားတဲ့ပတ်စ်ဝေါ့နဲ့ ဖုန်းကို ဝင်ရောက်ကြည့်ရှုခဲ့ခြင်းသာ ဖြစ်ကြောင်း ပြန်လည်ချေပခဲ့ပါတယ်။ ဒါပေမယ့် သူ့ချေပချက်ကို  ရက်စ်အယ်ခါမတ်တရားရုံးက လက်မခံဘဲ ထောင်ဒဏ် ၃ လ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ အမျိုးသားဟာ သူနဲ့ပေါင်းသင်းနေတဲ့ ဇနီးသည်ကို ယူအေအီးနိုင်ငံရဲ့ တင်းကြပ်တဲ့ ဥပဒေတွေထဲက တခုနဲ့တရားစွဲဆိုခဲ့တာဖြစ်ပြီး ဖောက်ပြန်တယ်လို့ သံသယရှိနေချိန်တွေ မှာတောင် အိမ်ထောင်သည်တွေဟာ တဦးရဲ့ဖုန်းကို ခွင့်ပြုချက်မရှိဘဲ နောက်တဦးက ဝင်ရောက်ကြည့်ရှုခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဒီကိစ္စကြောင့် လူမှုကွန်ရက်တွေမှာလည်း အပြိုင်အဆိုင်ငြင်ခုန်မှုတွေ ပေါ်ပေါက်နေပါတယ်။ ငြင်းခုန်မှုတွေမှာ အချို့က ဥပဒေချိုးဖောက်သူကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးသင့်တယ်လို့ ထောက်ခံပြောဆိုနေကြပြီး အချို့ကတော့ ဖုန်းကိုခွင့်ပြုချက်မရှိဘဲ ယူကြည့်ခဲ့တယ်ဆိုရင်တောင် ဇနီးသည်ကို ထောင်ထဲမထည့်သင့်ဘူးလို့ ကန့်ကွက်နေကြပါတယ်။
3 years Ago
Up