ဖုန်စုပ်စက်နှင့်ရေခဲသေတ္တာ တီထွင်

June 2, 2018

ပြည်တွင်းစစ်ဒဏ်ခံ ယီမင်ကျောင်းသား ကတ္ထူစက္ကူဖြင့် ဖုန်စုပ်စက်နှင့်ရေခဲသေတ္တာ တီထွင် (ရုပ်သံ)

ပြည်တွင်းစစ် ဖြစ်နေတဲ့ ယီမင်နိုင်ငံအတွင်း အထက်တန်းကျောင်းသား တယောက်ဟာ ကတ္ထူစက္ကူတွေကို သုံးပြီး ဖုန်စုပ်စက်နဲ့ ရေခဲသေတ္တာကို တီထွင်ခဲ့ပါတယ်။ တီထွင်ရတာ ဝါသနာပါတဲ့ ယီမင်ကျောင်းသား အာမဒ် အယ်လ် မာမာရီဟာ ရေခဲသေတ္တာ ဖုန်စုပ်စက်နဲ့ ပန်ကာ စတဲ့ အိမ်သုံးပစ္စည်းတွေကို ကတ္ထူစက္ကူသုံးပြီး တီထွင်ခဲ့တာပါ။ ကံကောင်းစွာနဲ့ သူ့ဖန်တီးမှုတွေ အားလုံး ကောင်းကောင်း အလုပ်ဖြစ်ခဲ့ပါတယ်။ သူ့ပစ္စည်းတွေအတွက် လေအားကို သုံးတယ်လို့ သူက ပြောပါတယ်။ ယီမင်နိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော် တေ့ဇ်ရဲ့ အနောက်တောင်ဘက်က လမ်းဘေး ကဖေးဆိုင်မှာ လက်ဖက်ရည် ရောင်းရင်း ကျောင်းတက်တဲ့ မာမာရီက သူ့အလုပ်ဟာ မိသားစုနဲ့ ကျောင်းလခအတွက် အရေးကြီးတယ်လို့ ပြောပါတယ်။ “အနာဂတ်မှာ ပညာသင်နိုင်ဖို့ အခွင့်အရေးရဖို့ရယ်၊ ကိုယ်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဖို့ ပညာသင်ဆုရဖို့ရယ်က ကျနော့် ရည်မှန်းချက်ပဲ။ ကတ္ထူပုံးတွေကနေ အလူမီနီယံနဲ့ သံမဏိတွေကို သုံးပြီး ဆက်တိုးတက်အောင် လုပ်မယ်” လို့ သူက ပြောပါတယ်။ ယီမင်နိုင်ငံအတွင်း အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီအုပ်စုနဲ့ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တို့ကြား စစ်ဖြစ်နေတာ ၂၀၁၅ ခုနှစ် ကတည်းကပါ။ လူ ၁ သောင်းကျော် သေဆုံးပြီး ကာလဝမ်းရောဂါ ကူးစက်နေပါတယ်။ နိုင်ငံတွင်း စီးပွားရေး ချွတ်ခြုံ ကျနေလို့ လူဦးရေ တဝက်လောက်က အငတ်ဘေး ဆိုက်မယ့် အလားအလာ ရှိနေတယ်လို့ မီဒီယာတွေ က အစီရင်ခံထားပါတယ်။
4 years Ago
Up