မန်ချက်စတာယူနိုက်တက်ရဲ့ အင်္ဂလန်နောက်ခံလူ ဖီးလ်ဂျုံးစ်ဟာ လာမယ့်ဇန်နဝါရီမှာ အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း The Sun သတင်းစာမှာ ဖော်ပြပါတယ်။
ဖီးလ်ဂျုံးစ်ဟာ အခုရာသီ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားရဲ့ အစီအစဉ်တွေမှာ မပါဝင်ဘဲ ချန်ပီယံလိဂ်လူစာရင်းက ချန်လှပ်ခံခဲ့ရသလို၊ ၂၀၂၀ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲ သာ ကစားခွင့်ရရှိခဲ့တာပါ။
အင်္ဂလန်ဝါရင့်နောက်ခံလူ ဖီးလ်ဂျုံးစ်ကို ဖူလ်ဟမ်အသင်းအပါအဝင် အသင်းတချို့က စိတ်ဝင်စားနေကြပြီး မန်ယူနဲ့ သူ့စာချုပ်မှာ ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိနေတယ်လို့ သိရပါတယ်။
4 months Ago