ဖီးလ်နဗီးလ်ပြော

December 4, 2017

မန်စီးတီးအသင်း အရင်မန်ယူလို ဖြစ်လာဟု ဖီးလ်နဗီးလ်ပြော

သုံးပွဲဆက်တိုက် နောက်ကျဂိုးတွေနဲ့ အနိုင်ရခဲ့တဲ့ မန်စီးတီးအသင်းဟာ အရင်တုန်းက မန်ယူလို အသင်းမျိုးဖြစ်လာပြီလို့ ကစားသမားဟောင်း ဖီးလ်နဗီးလ်က ပြောပါတယ်။ နောက်ခံကစားသမားဟောင်း ဖီလ်နဗီးလ်ဟာ မန်ယူအသင်းမှာ ၁၉၉၄ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ ကစားခဲ့သူပါ။ မန်စီးတီး ကစားသမားတွေအနေနဲ့ ဘယ်တော့မှ အရှုံးမပေးတက်တဲ့ စိတ်ဓာတ်နဲ့ အနိုင်ရမယ်ဆိုတဲ့ယုံကြည်မှု ရှိနေပြီး ချန်ပီယံလောင်း အသင်းတစ်သင်းရဲ့ စရိုက်လက္ခဏာ မျိုးရှိနေတယ်လို့ ဖီးလ်နဗီးက ဆိုပါတယ်။ မန်စီးတီး အသင်းဟာ နိုဝင်ဘာ ၂၆၊ ၂၉ နဲ့ ဒီဇင်ဘာ ၃ ရက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဟတ်ဒါဖီးလ်၊ ဆောက်သမ်တန်နဲ့ ၀က်စ်ဟမ်းအသင်းတွေကို ပွဲပြီးခါနီးဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး မန်စီးတီးအတွက် အကောင်းဆုံးရက်သတ္တပတ်ဖြစ်တယ်လို့ ဖီးလ်နဗီးလ်က ဆိုပါတယ်။ မန်စီးတီး အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ပွဲကစားအပြီးမှာ ၁၄ ပွဲနိုင်၊ ၁ ပွဲသရေ ရှုံးပွဲမရှိရလဒ်နဲ့ ဒုတိယနေရာက မန်ယူကို ၈မှတ်ဖြတ်ထားပါတယ်။
4 years Ago
Up