ဖီအိုရင်တီးနား ၁ - ၂ ဂျူဗင်တပ်

A d v e r t i s e m e n t With Us

April 25, 2016

ဖီအိုရင်တီးနား ၁ - ၂ ဂျူဗင်တပ် (ရုပ်သံဟိုက်လိုက်)

ဧပြီ ၂၄ ရက်ညက ယှဉ်ပြိုင်ခဲ့တဲ့ ဖီအိုရင်တီးနားနဲ့ ဂျူဗင်တပ်တို့ရဲ့ စီးရီးအေပွဲစဉ် ၃၅ မှာ ဂျူဗင်တပ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲစဉ်ကို အနိုင်ရလိုက်တဲ့အတွက် ဂျူဗင်တပ်ဟာ စီးရီးအေ အမှတ်ပေးချန်ပီယံဆု ဆွတ်ခူးဖို့ လက်တကမ်းအကွာကို ရောက်ရှိလာခဲ့ပါတယ်။ အကယ်၍ ဧပြီ ၂၅ ရက် ဒီနေ့မှာ ယှဉ်ပြိုင်မယ့် အမှတ်ပေးဇယား ဒုတိယနေရာက နာပိုလီနဲ့ ရိုးမားတို့ပွဲစဉ်မှာ နာပိုလီသာ သရေ သို့မဟုတ် ရှုံးနိမ့်ခဲ့ပါက ဂျူဗင်တပ်အသင်း ချန်ပီယံဆု ဆွတ်ခူးမှာ ဖြစ်ပါတယ်။ ပွဲချိန် ၃၉ မိနစ်မှာ ဂျူဗင်တပ်အတွက် မန်ဇူကစ်က အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ၈၁ မိနစ်မှာ ကာလီနစ်က ဖီအိုရင်တီးနားအတွက် ချေပဂိုး သွင်းယူပေးခဲ့ပေမယ့် နောက် နှစ်မိနစ်အကြာ ၈၃ မိနစ်မှာ မိုရာတာက ဂျူဗင်တပ်အတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် မိနစ် ၉၀ မှာ ဖီအိုရင်တီးနား ပယ်နယ်တီရခဲ့ပြီး ကာလီနစ် ကန်သွင်းခဲ့ပေမယ့် ဂျူဗင်တပ်ဂိုးသမား ဘတ်ဖွန် ကာကွယ်နိုင်ခဲ့လို့ ပွဲအပြီးမှာ ဂျူဗင်တပ်တို့ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲစဉ်အပြီးမှာ ဂျူဗင်တပ်က ၃၅ ပွဲကစား ၈၅ မှတ်နဲ့ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ထားနိုင်ပြီး ဒုတိယနေရာမှာရှိတဲ့ နာပိုလီက ၃၄ ပွဲကစားထားပြီး ၇၃ မှတ် ရထားပါတယ်။ ဖီအိုရင်တီးနားကတော့ ၃၅ ပွဲကစား၊ ရမှတ် ၅၉ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up