လူဖြူရဲက သတ်လို့ သေဆုံးခဲ့ရတဲ့ လူမည်းအမျိုးသားဂျော့ ဖလွိုက်အတွက် ကန့်ကွက်ဆန္ဒ ပြနေကြသူတွေဟာ ဖီလာဒဲဖီးယားမြို့တော်ခန်းမနဲ့ကပ်လျက် Starbucks ကော်ဖီဆိုင်ကို မေလ ၃၀ ရက်က မီးတင်ရှို့ခဲ့ကြပါတယ်။
မျက်မြင်သက်သေတွေရဲ့ ဗွီဒီယိုအရ ဆန္ဒပြသူတွေဟာ မီးလောင်နေတဲ့ ကော်ဖီ ဆိုင်ဝန်းကျင်မှာ စုဝေးနေခဲ့ကြပြီး ရဲတပ်ဖွဲ့က ပိတ်ဆို့တားမြစ်ထားတာ တွေ့ရပါတယ်။
ဒေသခံမီဒီယာအဆိုအရ ဆန္ဒပြသူတွေဟာ မြို့တော်ခန်းမထဲ ဝင်ဖို့ကြိုးစားခဲ့ပြီး ကော်ဖီဆိုင် ကို မီးတင် ရှို့ခဲ့တာလို့ ဆိုပါတယ်။
တောင်ကာရိုလိုင်းနားက ကိုလံဘီယာမြို့မှာလည်း ဆန္ဒပြသူတွေဟာ ပြည်နယ်အစိုးရ အိမ်တော်ကနေ ရဲတပ်ဖွဲ့ ဌာနချုပ်ဆီ ချီတက်ခဲ့ပါတယ်။
ချီတက်ပွဲက အစမှာ ငြိမ်းချမ်းပေမဲ့ နောက်ပိုင်းမှာ ဆန္ဒပြသူတွေက ရဲကားတွေကို မီးရှို့တာ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်တာတွေလုပ်ခဲ့ပြီး အကြမ်းဖက်အသွင်ဆောင်ခဲ့ပါတယ်။
ဒီမြို့မှာ ဇွန်လ ၁ ရက်အထိ ညမထွက်ရ အမိန့် ထုတ်ထားရပါတယ်။
ဖီလာဒဲဖီးယားမှာ မီးရှို့မှုတွေအပြင် စတိုးဆိုင်တွေကို ဝင်ရောက်လုယက်တာတွေလည်း ဖြစ်ခဲ့ တယ်လို့ မေ ၃၁ ရက် ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
9 months Ago