ဖီရက် ခရစ်စလာ Fiat Chrysler ကားတွေမှာ အသက်ကယ်လေအိတ် ပြဿနာတက်လာနိုင်တဲ့အတွက် ကမ္ဘာတ၀န်းက ဖီရက် ခရစ်စလာ ကား ၂ သန်းနီးပါးကို ပြန်လည်ပြုပြင်ပေးဖို့ ကုမ္ပဏီက ပြန်ခေါ်ယူထားပါတယ်။
၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်အတွင်းထုတ်လုပ်တဲ့ ခရစ်စလာ၊ ဒေါခ်ျ့၊ ဂျစ် နဲ့ လန်ရှာကားအမျိုးအစားတွေ ကုမ္ပဏီက ပြန်လည်ပြုပြင် ပေးဖို့ ပြန်ပြီး ခေါ်ယူထားတာပါ။
ဒီကားတွေဟာ ကားချင်း ခေါင်းချင်းဆိုင်ကားတိုက်မှုဖြစ်တဲ့အခါ အသက်ကယ် လေအိတ် မပွင့်တာ၊ ထိုင်ခုံခါးပတ် ပုံမှန် အလုပ်မလုပ်တာတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
အခုလိုပြဿနာ တွေကြောင့် ယာဉ်တိုက်မှုတွေမှာ လူ ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ တခြားကုမ္ဗဏီထုတ်ကားတွေလည်း အခုနှစ်အတွင်း အသက်ကယ်လေအိတ် ပုံမှန်အလုပ်မလုပ်လို့ ကားတွေ အစီးရေသန်းနဲ့ချီပြီး ပြန်ခေါ်ယူခဲ့ကြရပါတယ်။ ပြဿနာတွေ တက်ခဲ့ပါတယ်။
အခု ခေါ်ယူတဲ့ ကားအများစုကတော့ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါ၊ မက္ကဆီကိုနိုင်ငံတွေကဖြစ်ပြီး တခြားနိုင်ငံတွေလည်းပါဝင်ပါတယ်။
ကားပိုင်ရှင်တွေကို ကုမ္ပဏီက တိုက်ခိုက်ဆက်သွယ်ခေါ်ယူထားပြီး ဒီအသက်ကယ် လေအိတ်နဲ့ ထိုင်ခုံခါးပတ်ကို အခမဲ့ပြန်ပြီး လဲလှယ်ပေးမယ်လို့ ဆိုပါတယ်။
ဇွန်လကလည်း တိုယိုတာကားအစီး ၁ သန်းခွဲလောက် အခုလိုလေအိတ်ပြဿနာတက်လို့ ပြန်ခေါ်ယူခဲ့ကြပြီး ပြီးခဲ့တဲ့တပတ်ကလည်း General Motors ကားအစီးရေ ၄ သန်းကျော် ပြန်ခေါ်ခဲ့ရပါတယ်။
4 years Ago