ဖီယင်နု

May 15, 2017

နယ်သာလန်အမှတ်ပေးချန်ပီယံဆု ဖီယင်နု ဆွတ်ခူး

ဖီယင်နုအသင်းဟာ နယ်သာလန် အမှတ်ပေးချန်ပီယံဆုကို ၁၉၉၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ မေလ ၁၄ ရက်က ကစားခဲ့တဲ့ နယ်သာလန် အမှတ်ပေးပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်မှာ  ဖီယင်နုအသင်းဟာ ဟီရေကယ်လ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဒုတိယနေရာမှ အေဂျက်စ်အသင်းကို ၁ မှတ်အသာနဲ့ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ဖီယင်နုအသင်းမှ နယ်သာလန် ဝါရင့်တိုက်စစ်မှူး ကူရစ်က ဟက်ထရစ်သွင်းယူခဲ့ပြီး ဖီယင်နုအသင်းအတွက် သူ့ရဲ့ သွင်းဂိုးပေါင်း ၁၀၂ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဖီယင်နုအသင်းဟာ နယ်သာလန် အမှတ်ပေးချန်ပီယံဆုကို ၁၅ ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး သမိုင်းတလျှောက် အကြိမ်အများဆုံး ဗိုလ်စွဲထားတဲ့အသင်းကတော့ အေဂျက်စ်ဖြစ်ပြီး ချန်ပီယံဆု ၃၃ ကြိမ် ရယူထားပါတယ်။
4 years Ago

November 25, 2016

ရွန်နီအဖွင့်ဂိုးသွင်းပြီး မန်ယူက ဖီယင်နုကို ၄ ဂိုးပြတ်ဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

ယူရိုပါလိဂ် အုပ်စု အေ ပွဲစဉ် ၅ အဖြစ် နိုဝင်ဘာ ၂၄ ရက်ညက မန်ယူနဲ့ နယ်သာလန်ကလပ် ဖီယင်နုတို့ ယှဉ်ပြိုင်ရာ မန်ယူက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မန်ယူအတွက် အနိုင်ဂိုးတွေကို ရွန်နီ၊ မာတာ၊ လင်ဂတ်နဲ့ တဘက်အသင်းက ကိုယ့်ဂိုးကိုယ်သွင်းမိရာကနေ ရသွားတာပါ။ ဒီပွဲမှာ ရွန်နီ ဂိုးသွင်းနိုင်လို့ သွင်းဂိုး ၃၉ ဂိုးနဲ့ မန်ယူကစားသမားတွေထဲက ဥရောပပြိုင်ပွဲတွေမှာ ဂိုးသွင်းအများဆုံးသူအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ဒီပွဲနိုင်လို့ မန်ယူဟာ အုပ်စု အေ မှာ ၉ မှတ်ရပြီး အုပ်စုထိပ်ဆုံးက ဖီနာဘာချီနဲ့ တမှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ မနေ့ညကပဲ ယှဉ်ပြိုင်သွားတဲ့ အုပ်စု အေ တခြားပွဲစဉ်မှာတော့ တူရကီကလပ် ဖီနာဘာချီက ယူကရိန်းကလပ် ဇိုရာကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အုပ်စုအေ နောက်ဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာ ၉ ရက်နေ့မှာ ဇိုရာနဲ့ မန်ယူ၊ ဖီယင်နုနဲ့ ဖီနာဘာချီတို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မန်ယူက အနိုင်ရရင် နောက်တဆင့် တက်လှမ်းနိုင်မှာဖြစ်ပါတယ်။
5 years Ago
Up