ဖီဖာ ဥက္ကဋ္ဌရာထူး ဥရောပ ဘောလုံးအဖွဲ့ချူပ် ဥက္ကဋ္ဌ ပလာတီနီ ရယူလို

July 30, 2015

ဖီဖာ ဥက္ကဋ္ဌရာထူး ဥရောပ ဘောလုံးအဖွဲ့ချူပ် ဥက္ကဋ္ဌ ပလာတီနီ ရယူလို

ကမာ့္ဘဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ နေရာအတွက် ဥရောပဘောလုံးအဖွဲ့ချူပ် (ယူအီးအက်ဖ်အေ) ဥက္ကဋ္ဌ ပလာတီနီက ယှဉ်ပြိုင်သွားဖို့ ဆန္ဒရှိနေပါတယ်။ ဖီဖာဥက္ကဋ္ဌအဖြစ် အရွေးချယ်ခံ၊ မခံကိုလည်း ဒီသီတင်းပတ်အတွင်း ကြေညာမှာလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက် ဇူးရစ်မှာ မဲပေးရွေးချယ်ရင် ပြင်သစ်နဲ့ ဂျူဗင်တပ်အလယ်တန်း ကစားသမားဟောင်း ပလာတီနီဟာ အရွေးချယ်ခံမယ့်လူတဦး ဖြစ်လာနိုင်ဖွယ် ရှိနေတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ရေးပါတယ်။ ၁၉၉၈ ခုနှစ်ကတည်းက အသက် ၇၉ နှစ် ဆပ်ဘလတ္တာကတော့ ဖီဖာဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဖွဲ့အတွင်း အကျင့်ပျက်ခြစားမှုကြောင့် ဖီဖာဥက္ကဋ္ဌ ရာထူးနေရာကနေ ဆင်းပေးခဲ့ရသလို ဒီနေရာအတွက် ပလာတီနီကို လူကြိုက်များနေတာ ဖြစ်ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ် အပါအ၀င် တောင်အမေရိက၊ မြောက်အမေရိကအလယ်နဲ့ ကာရစ်ဘီယံ အပါအ၀င် အာရှဘောလုံးအဖွဲ့ချုပ်ကလည်း ပလာတီနီကို ထောက်ခံချက်ပေးထားပါတယ်။ ဒါပေမယ့် ဘောလုံးအဖွဲ့ချုပ် အားလုံးရဲ့ ထောက်ခံချက်ရဖို့ကတော့ ဖြစ်နိုင်ချေနည်းပါတယ်လို့ ဆိုပါတယ်။
6 years Ago
Up