ဖီဖာ ဥက္ကဋ္ဌ

February 2, 2017

ဖီဖာ ဥက္ကဋ္ဌ ရန်ကုန်လာမည်

  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ဥက္ကဋ္ဌ ဂီအန်နီ အင်ဖန်တီနိုဟာ ဒီလလယ်ပိုင်း မြန်မာနိုင်ငံကိုလာပြီး မြန်မာဘောလုံးအကယ်ဒမီ ရန်ကုန် ဖွင့်ပွဲတက်မယ်လို့ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထား ပါတယ်။ ဘောလုံးအကယ်ဒမီဖွင့်ပွဲကို အခုလ ၁၇ ရက် ရန်ကုန်မြို့မှာ ပြုလုပ်မှာဖြစ်ပြီး ဖီဖာဥက္ကဋ္ဌ အပြင် နိုင်ငံတကာ ဘောလုံးလောက က ထင်ရှားသူများလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံးအနီး ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ တည်ရှိတဲ့ ဘောလုံး အကယ်ဒမီဟာ ၆ ဒသမ ၅၅ ဧက ကျယ်ဝန်းပြီး မြက်ခင်းတုကွင်း နှစ်ကွင်း ပါရှိပါတယ်။
4 years Ago
Up