ဖီဖာ ဥက္ကဋ္ဌ

February 29, 2020

ကိုရိုနာဗိုင်းရပ်ကြောင့် နိုင်ငံတကာ ဘောလုံးပွဲစဉ်များ ဖျက်သိမ်းရဖွယ်ရှိ

ကိုရိုနာဗိုင်းရပ်အန္တရာယ်ကြောင့် နိုင်ငံတကာဘောလုံးပွဲစဉ်တွေကိုလည်း ဖျက်သိမ်းသွားရဖို့ ရှိနေပါတယ်။  လက်ရွေးစင်အသင်းတွေ ယှဉ်ပြိုင်ကစားကြမယ့် နိုင်ငံတကာခြေစမ်းပွဲစဉ်တွေကို  လာမယ့် မတ်လ နောက်ဆုံးအပတ်မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေကြတာပါ။  တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း ၅၀ ကျော် အထိ ကူးစက်ပျံ့နှံ့နေပြီဖြစ်တာကြောင့် လိဂ်ပွဲစဉ်တချို့ကိုလည်း ရပ်နားထားရတာဖြစ်ပါတယ်။  ဖီဖာ ဥက္ကဋ္ဌ အင်ဖက်တီနိုကတော့ ကျန်းမားရေက ဘောလုံးထက် ပိုပြီး အရေးကြီးတာကြောင့် လက်ရှိအတိုင်းသာ ဆက်လက်ဖြစ်ပွားနေပေမယ်ဆိုရင် နိုင်ငံကတာပွဲစဉ်တွေကို ဖျက်သိမ်းထားဖို့ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ ဗိုင်းရပ်ပြန့်ပွားမှုအခြေအနေကို စောင့်ကြည့်နေပြီး   မတ်လ နောက်ဆုံးပတ် မတိုင်ခင်မှာ အတည်ပြု ဆုံးဖြတ်ချက် ချမှတ်မယ်လို့ သိရပါတယ်။ 
1 year Ago

November 4, 2019

မြန်မာ့ဘောလုံးအဆင့်အတန်း အာရှထိပ်တန်းအဆင့်သို့ပြန်ရောက်ရေးကူညီရန် ဖီဖာ ဥက္ကဋ္ဌကို အတိုင်ပင်ခံပုဂ္ဂိုလ် ပန်ကြား 

မြန်မာ့ဘောလုံးအဆင့်အတန်းကို အာရှထိပ်တန်းအဆင့်သို့ ပြန်လည်ရောက်ရှိရေးအတွက် ကူညီပေးဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌကို  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါတယ်။  ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ ဖီဖာ တာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ ပြောကြားလိုက်တာလို့ အစိုးရက ထုတ်ပြန်ပါတယ်။  တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဘောလုံးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာအမျိုးသားနဲ့ အမျိုးသမီး ဘောလုံးအားကစားသမားတွေ အားကစားစွမ်းရည် မြင့်မားလာရေး၊ လူငယ်တွေ အကြား ဘောလုံးအားကစားနည်းနဲ့ ပိုမိုအကျွမ်းတဝင်ရှိလာရေး၊ ဘောလုံးနည်းစနစ်တွေ ဘောလုံးအကယ်ဒမီတွေရဲ့ အရည်အသွေးမြှင့်တင်ရေး၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်သွားရေးနဲ့  ကမ္ဘာ့ဘောလုံးအကျော်အမော်တွေ မြန်မာနိုင်ငံသို့ လာရောက်ပြီး မြန်မာလူငယ်တွေနဲ့ တွေ့ဆုံဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာလူငယ်တွေအကြား အားကစားအပေါ် ပိုမိုစိတ်ဝင်စားလာစေရေး၊ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ လူနေမှုပုံစံဖြစ်ပေါ်လာရေး၊ အသင်းအဖွဲ့ စိတ်ဓာတ် ပိုမိုရှင်သန်ထွန်းကားလာရေးနဲ့ မြန်မာ့ဘောလုံးအဆင့်အတန်းကို အရင်ကလို အာရှထိပ်တန်းအဆင့်သို့ ပြန်လည်ရောက်ရှိရေးအတွက် ကူညီပံ့ပိုးပေးဖို့ ဖီဖာဥက္ကဋ္ဌကို မေတ္တာရပ်ခံခဲ့တယ်လို့လည်း သိရပါတယ်။  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)နဲ့ အာဆီယံတို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကိုလည်းတက်ရောက်ခဲ့ပြီး ဖီဖာကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဆီယံခေါင်းဆောင်တွေကို အမှတ်တရ အင်္ကျီတွေ လက်ဆောင်ပေးအပ်ခဲ့ပါတယ်။ မြန်မာ့ဘောလုံးအဆင့်အတန်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့သတ်မှတ်ချက်အရ အဆင့် ၂ ဆင့်ထပ်လျော့သွားပြီး ကမ္ဘာ့အဆင့် ၁၄၇ မှာ ရပ်တည်နေပါတယ်။   ဓာတ်ပုံ-MFF
2 years Ago
Up