အမေရိကန်ပြည်ထောင်စုကို လွှဲပေးလိုက်တဲ့ ကမ္ဘာဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ဒုဥက္ကဋ္ဌ အွန်အိုင်ဂျယ် နပေါ့ ကတော့ အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သက်ပြီး အပြစ်မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။
ဒီလအစောပိုင်းက ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မှာ ဖမ်းဆီးခံထားရတဲ့ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကို နယူးယောက်ကို လွဲပြောင်းခဲ့အပြီး အခုလို ငြင်းဆိုလိုက်တာလို့ ရှေ့နေတွေက ပြောပါ တယ်။
ပါရာဂွေးနိုင်ငံသား နပေါ့ဟာ တောင်အမေရိက ဘောလုံးပြိုင်ပွဲမှာ ဈေးကွက်လုပ်ပိုင်ခွင့်အတွက် သန်းချီတဲ့ ဒေါ်လာတွေကို လဒ်ငွေ ရယူခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
အဖမ်းခံရပြီး ရာထူးကနေ နှုတ်ထွက်ခဲ့သလို လက်ရှိမှာလည်း ဘောလုံးကနေ တားမြစ်ထား ပါတယ်။
အစောပိုင်းကလည်း ဟွန်ဒူးရပ်စ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရာဖေးကာလီဂျက်စ်ကလည်း အကျင့်ပျက်ခြစားမှု အတွက်အပြစ်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
အမေရိကန် တာဝန်ရှိသူတွေက အကျင့်ပျက်ခြစားမှုနဲ့ စွဲဆိုခံထားရတဲ့ ဘောလုံး တာဝန်ရှိသူ ၁၆ ဦးနဲ့ တခြား အဆင့်မြင့်အရာရှိတွေထဲမှာ သူတို့ ၂ ဦးလည်း ပါဝင်နေပါတယ်။
7 years Ago