ဖီဖာ တနှစ်တာ အကောင်းဆုံး

A d v e r t i s e m e n t With Us

December 3, 2016

ဖီဖာ တနှစ်တာ အကောင်းဆုံးဆုပေးပွဲ ဇန်န၀ါရီလတွင် ကျင်းပပြုလုပ်မည်

ဖီဖာ တနှစ်တာ အကောင်းဆုံးဆုတွေအတွက် ဆုပေးပွဲအခမ်းအနားကို ဇန်န၀ါရီလ ၉ ရက်နေ့ ဇူးရစ်ခ်ျမြို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အခု ၂၀၁၆ ခုနှစ် ဖီဖာကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆုနဲ့ နည်းပြဆုတွေအတွက် ဆန်ခါတင် ၃ ဦး စာရင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ဖီဖာကမ္ဘာ့အကောင်းဆုံး နည်းပြဆုအတွက် ဆန်ခါတင် ၃ ဦး စာရင်းတွင်မူ ရာနီရေးရီ(လက်စတာ)၊ ဖာနန်ဒိုဆန်းတို့စ် (ပေါ်တူဂီ) နှင့် ဇီဒန်း(ရီးယဲလ်) တို့ ပါဝင်ခဲ့ပါတယ်။ ဖီဖာ တနှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုအတွက် ဆန်ခါတင် ၃ ဦး စာရင်းမှာ ဆုရရှိဖို့ ရေပန်းစားနေတဲ့  စီရော်နယ်လ်ဒို၊ မက်ဆီတို့နှင့်အတူ အက်သလက်တီကိုအသင်းမှ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ဂရစ်ဇ်မန်းတို့ ပါဝင်ခဲ့ပါတယ်။ ဖီဖာဟာအမျိုးသမီး အကောင်းဆုံး ဘောလုံးသမားဆုနှင့် နည်းပြဆုများအတွက် ဆန်ခါတင် ၃ ဦး စာရင်းကို တပါတည်း ထုတ်ပြန် ကြေညာခဲ့ကြောင်း၊ အမျိုးသမီး အကောင်းဆုံး ဘောလုံးသမားဆု ဆန်ခါတင်စာရင်းတွင် ကာလီလွိုက်(အမေရိကန်)၊ မာတာ(ဘရာဇီးလ်)၊ ဘာရင်ဂါ(ဂျာမနီ)တို့ ပါဝင်ခဲ့ပါတယ်။
4 years Ago
Up