ဖီဖာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ဂျာမနီ နံပါတ် ၁ နေရာ ရောက်ရှိ

October 17, 2017

ဖီဖာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင်အသင်း အဆင့် ၁၅၅ ရှိ

မြန်မာ့လက်ရွေးစင်အသင်းဟာ ဖီဖာရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့် ၃ ဆင့် လျော့ကျခဲ့ပြီး အရင်အဆင့် ၁၅၂ ကနေ အခု ၁၅၅ နေရာမှာ ရှိနေတာဖြစ်ပါတယ်။ ဒေသတွင်း ထိပ်သီးပြိုင်ဘက်တချို့ဖြစ်တဲ့ အင်ဒိုနီးရှားက အဆင့် ၁၆၅၊ မလေးရှားက အဆင့် ၁၇၀၊ စင်ကာပူအသင်းက အဆင့် ၁၇၃ နဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့အောက်မှာ အသီးသီးရပ်တည်နေခဲ့ပါတယ်။ ဖိလစ်ပိုင်အသင်းကတော့ အဆင့် ၁၁၆ မှာရှိနေပြီး ဗီယက်နမ်က ၁၂၁ နဲ့ ထိုင်းအသင်းက ၁၃၈ မှာ ရပ်တည်နေပါတယ်။ လက်ရှိအချိန်မှာ မြန်မာ့လက်ရွေးစင်အသင်းဟာ အာရှဖလားခြေစစ်ပွဲ အောင်မြင်ဖို့ ရုန်းကန်နေရသလို ပြီးခဲ့တဲ့ပွဲစဉ်မှာလည်း ကာဂျစ်စတန်အသင်းကို အိမ်ကွင်းမှာ သရေကျခဲ့တာကြောင့် နောက်ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
4 years Ago

September 15, 2017

ဖီဖာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာ ၅ ဆင့်တက်ပြီး အဆင့် ၁၅၂ တွင်ရပ်တည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က စက်တင်ဘာ ၁၄ ရက်နေ့ ထုတ်ပြန်လိုက်တဲ့ အဆင့်သတ်မှတ်ချက်မှာ မြန်မာက ၅ ဆင့်တက်လာပြီး ကမ္ဘာ့အဆင့် ၁၅၂ နဲ့ အာဆီယံဒေသတွင်း အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ မြန်မာအသင်းဟာ အရင်လ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ အဆင့် ၁၅၇ နေရာမှာ ရပ်တည်ခဲ့တာပါ။ အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ ဖိလစ်ပိုင်က ကမ္ဘာ့အဆင့် ၁၂၃၊ ဗီယက်နမ်က အဆင့် ၁၃၀၊ ထိုင်းက ၁၃၇၊ မြန်မာက ၁၅၂၊ စင်ကာပူက ၁၆၂၊ လာအိုနဲ့ မလေးရှားက အဆင့်တူ ၁၆၆၊ အင်ဒိုနီးရှားက ၁၆၉၊ ကမ္ဘောဒီးယားက ၁၇၂၊ ဘရူနိုင်းက ၁၈၆ နဲ့ တီမောက အဆင့် ၁၉၂ မှာ အသီးသီး ရပ်တည်နေပါတယ်။
4 years Ago

ဖီဖာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ဂျာမနီ နံပါတ် ၁ နေရာ ရောက်ရှိ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က စက်တင်ဘာ ၁၄ ရက်နေ့ ထုတ်ပြန်လိုက်တဲ့ အဆင့်သတ်မှတ်ချက်မှာ ဂျာမနီက နံပါတ် ၁ နေရာကို ရောက်ရှိလာပါတယ်။ အရင်က နံပါတ် ၁ နေရာ ရယူထားတဲ့ ဘရာဇီးကတော့ အဆင့် ၂ နေရာကို ဆင်းပေးလိုက်ရပါတယ်။ ဥရောပချန်ပီယံ ပေါ်တူဂီက အဆင့် ၃၊ အာဂျင်တီးနားက အဆင့် ၄ နဲ့ ဘယ်လ်ဂျီယံက အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ ပိုလန်က အဆင့် ၆၊ ဆွစ်ဇာလန်က အဆင့် ၇၊ ပြင်သစ်က အဆင့် ၈၊ ချီလီက အဆင့် ၉ နဲ့ ကိုလံဘီယာက အဆင့် ၁၀ မှာ အသီးသီးရှိနေပါတယ်။ ဝေးလ်ကတော့ အဆင့် ၁၃ နေရာကို တက်သွားပြီး အင်္ဂလန်ကတော့ အဆင့် ၁၅ နေရာကို လျောကျသွားပါတယ်။ အင်္ဂလန်အတွက်တော့ ၂၀၁၅ ဇွန်လနောက်ပိုင်းမှာ အနိမ့်ဆုံးအဆင့်ကို ကျရောက်သွားတာပါ။ ဖီဖာကတော့ နောက်တကြိမ် ကမ္ဘာ့အဆင့် သတ်မှတ်ချက်ကို လာမယ့် အောက်တိုဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။
4 years Ago
Up