ဖီဖာဥက္ကဋ္ဌ ကို ငွေစက္ကူအတုဖြင့် ကြဲခဲ့သည့် လူရွှင်တော် တရားစွဲခံရ

July 23, 2015

ဖီဖာဥက္ကဋ္ဌ ကို ငွေစက္ကူအတုဖြင့် ကြဲခဲ့သည့် လူရွှင်တော် တရားစွဲခံရ (ရုပ်သံ)

ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာအပေါ်  ငွေစက္ကူအတုတွေနဲ့ ကြဲချခဲ့တဲ့ ဗြိတိသျှလူရွှင်တော် ဆိုင်မွန် ဘရော့ဒ်ကင်ကို ဆွစ်ဇာလန်တရားရုံးက ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့က ပြုလုပ်တဲ့ ဖီဖာရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ  အသက် ၃၈ နှစ်အရွယ် ဘရော့ဒ်ကင်က ဆပ်ဘလတ္တာ ခေါင်းပေါ်ကို ငွေစက္ကူအတုတွေနဲ့ ကြဲချပြီး  ဖီဖာရဲ့ လတ်တလော ရင်ဆိုင်နေရတဲ့ လာဘ်စားမှုပြဿနာတွေကို သရော်ခဲ့တာပါ။ ရဲတပ်ဖွဲ့ ထုတ်ပြန်သောကြေညာချက်မှာ ဘရော့ဒ်ကင်အနေနဲ့ အဆောက်အဦအတွင်းကို  ၀င်ရောက်ခွင့်မရှိတာကြောင့် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။ ဘရော့ဒ်ကင်ဟာ စင်ပေါ်မှာ လီနဲလ်ဆင်အမည်နဲ့ စတန့်တွေကို ပြုလုပ်ပြီး ကျော်ကြားခဲ့သူဖြစ်ပါတယ်။
6 years Ago
Up