ဖီဖာဥက္ကဋ္ဌ

A d v e r t i s e m e n t With Us

October 28, 2020

ဖီဖာဥက္ကဋ္ဌ အင်ဖက်တီနို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဖက်တီနိုမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။  အသက် ၅၀ ရှိ ဖီဖာ ဥက္ကဋ္ဌ အင်ဖက်တီနိုဟာ ရောဂါလက္ခဏာတချို့ ခံစားခဲ့ရပြီး အနည်းဆုံး ၁၀ ရက်ကြာ သီးသန့်နေထိုင်သွားရမယ်လို့ ဆိုပါတယ်။  ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ဖီဖာဥက္ကဋ္ဌ အင်ဖက်တီနိုနဲ့ ထိတွေ့မှုရှိခဲ့သူတွေ အားလုံးလည်း လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ကွာရန်တင်းဝင်ရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။  ဥက္ကဋ္ဌ အင်ဖက်တီနို အမြန်ဆုံးပြန်လည် ပျောက်ကင်းပါစေကြောင်းလည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ဆုတောင်းပေးခဲ့ပါတယ်။
3 months Ago

November 3, 2019

ဖီဖာဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဆီယံခေါင်းဆောင်များကို ဘောလုံးအင်္ကျီများ ပေးအပ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဋ္ဌ ဂျာနီ အင်ဖန်တီနိုက ဘောလုံးတီရှပ် အင်္ကျီတွေ အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပါတယ်။  နိုဝင်ဘာ ၂ ရက်နေ့က ပေးအပ်ခဲ့တာဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့နာမည်ပါတဲ့ ကျောနံပါတ် ၉ တီရှပ်ကို လက်ခံရယူခဲ့ပါတယ်။  အဲဒီအခမ်းအနားမှာ အားကစားနဲ့ပညာရေး ပူးပေါင်းဆောင်ရွက်တာတွေ တိုးမြှင့်ရေးအတွက် ဖီဖာဥက္ကဋ္ဌနဲ့ အာဆီယံ အတွင်းရေးမှူးချုပ်တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။  ဒါ့အပြင် ဖီဖာဥက္ကဋ္ဌက အာဆီယံဒေသတွင်း နိုင်ငံတွေကို အားကစားနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေမှာ ရင်းနှီးမြှုပ်နှံကြဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။ မြန်မာ အပါအဝင် အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတက်ဖို့အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတာပါ။
1 year Ago
Up