ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အထွေထွေအတွင်းရေးမှူး ဂျရိုမီ ဗက်ကဲလ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
အသက် ၅၅ နှစ်အရွယ် ပြင်သစ်လူမျိုး ဗက်ကဲလ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်မှတ်တွေ ရောင်းရတဲ့ ငွေတွေကို အလွဲသုံးစား လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇန်န၀ါရီ ၁၃ ရက်က ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။
ဖီဖာရဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဖီဖာအတွင်းရေးမှူး ဗက်ကဲလ်ကို ဘောလုံးလောကကနေ ၉ နှစ် ကင်းကင်းနေရမယ်ဆိုတဲ့ ပြစ်ဒဏ်ကိုလည်း ချမှတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ဒီစွဲချက်တွေနဲ့ ဖီဖာရဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ရာထူးကနေ ချထားခဲ့ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ဘရာဇီးနဲ့ တောင်အာဖရိနိုင်ငံတွေက အိမ်ရှင်လုပ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဖီဖာရဲ့ အာဏာအရှိဆုံး လူတယောက်အနေနဲ့ ပါဝင်ခဲ့ပါတယ်။
7 years Ago