ဖီဖာနှင့်ယူအီးအက်ဖ်

November 8, 2020

လက်ထိ ပြစ်ဒဏ်ဘောပေးသည့် စည်းမျဉ်းပြောင်းလဲရန် ဖီဖာနှင့်ယူအီးအက်ဖ် သဘောတူ

လက်နဲ့ထိတိုင်း ပြစ်ဒဏ်ဘောပေးနေတဲ့ စည်းမျဉ်းကို  ပြောင်းလဲပေးဖို့ ယူအီးအက်ဖ်အေဥက္ကဋ္ဌက ဖီဖာ ဥက္ကဋ္ဌဆီ တင်ပြထားပါတယ်။  ချဲလ်ဆီးနဲ့ ရင်းနက်စ်တို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရင်းနက်စ် နောက်ခံလူ ဒဲလ်ဘာ့က ပင်နယ်တီဧရိယာထဲမှာ လက်ထိခဲ့လို့ အဝါကတ်နဲ့ ပင်နယ်တီပြစ်ဒဏ်ဘော သတ်မှတ်ခဲ့ပြီး ပထမအဝါထိထားတဲ့ ဒဲလ်ဘာ့လည်း  ၂ ဝါ ၁ နီနဲ့ အထုတ်ခံခဲ့ရတာပါ။  အဲဒီ လက်ထိဘောမှာဆိုရင် ချဲလ်ဆီးတိုက်စစ်မှူးအေဗရာဟမ်ရဲ့ ကန်သွင်းချက်ဟာ ဒဲလ်ဘာ့ရဲ့ ရင်ဘက်ဆီ ဦးတည်ထိမှန်ခဲ့ပြီး လက်နဲ့လည်းထိခဲ့တာပါ။  အဲဒီလို အခြေအနေတွေမှာဆိုရင် ကစားသမားတွေအတွက် မျှတမှုမရှိတာကြောင့် လက်ထိဘောစည်းမျဉ်းကို ပြင်ဆင်ပေးဖို့ ယူအီးအက်ဖ်အေက တောင်းဆိုခဲ့တာပါ။  အရင်က လက်ထိဘောစည်းမျဉ်းအတိုင်း ပြန်လည်ပြင်ဆင်ဖို့အတွက် ဖီဖာဥက္ကဋ္ဌ အင်ဖက်တီနိုနဲ့ ယူအီးအက်ဖ်အေဥက္ကဋ္ဌ ဆက်ဖာရင်တို့ အကြမ်းဖျင်းသဘောတူခဲ့ပြီး လာမယ့်နှစ် အစောပိုင်း ကျင်းပမယ့် ဖီဖာအစည်းအဝေးမှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ 
2 years Ago
Up