ဖီဖာညီလာခံအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်

A d v e r t i s e m e n t With Us

February 24, 2016

ဖီဖာညီလာခံအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ ညီလာခံကို လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်နေ့ကျရင် စတင်တော့မှာဖြစ်လို့ ဇူးရစ်မြို့မှာ ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်နေပါတယ်။ ညီလာခံ ကိုယ်စားလှယ်တွေဟာ ဖီဖာအဖွဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးငြင်းခုံပြီးရင် မဲပေးကြမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဖီဖာအဖွဲ့ရဲ့ ဥက္ကဋ္ဌသစ်ကို ရွေးချယ်ကြမှာပါ။ မနှစ် မေလတုန်းက ဖီဖာအရာရှိတွေကို အကျင့်ပျက်ခြစားမှု စွပ်စွဲချက်နဲ့ ဇူးရစ်မြို့မှာပဲ စွဲချက်တင် ဖမ်းဆီးခဲ့ပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ သတင်းတွေဟာ နိုင်ငံတကာ ထိပ်တန်းသတင်း ဖြစ်လာခဲ့ပါတယ်။ ဒီဇင်ဘာလမှာ ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာကို ကျင့်ဝတ်ချိုးဖောက်လို့ဆိုပြီး ဘောလုံးလောက တာဝန်တွေကနေ ၈ နှစ် အနားပေးခဲ့ပါတယ်။ သူနဲ့အတူ ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မစ်ချဲလ် ပလာတီနီလည်း ပါဝင်ခဲ့ပါတယ်။ ဖီဖာဟာ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့အတွက် နိုင်ငံအလိုက် ဘောလုံးအဖွဲ့ချုပ် ၂၀၇ မဲထဲက လေးပုံသုံးပုံ လိုအပ်ပါတယ်။ စည်းမျဉ်းစည်းကမ်းသစ်တွေ အတည်ပြုနိုင်ရင် ဧပြီလမှာ စတင် အသက်ဝင်မှာပါ။ ကူဝိတ်နဲ့ အင်ဒိုနီးရှားတို့ကတော့ ဆိုင်းငံ့ပြစ်ဒဏ်တွေ ချမှတ်ခံထားရတာကြောင့် မဲပေးခွင့်ရကြမှာ မဟုတ်ပါဘူး။
5 years Ago
Up