ဖီဖာကမ္ဘာ့ဖလား

July 30, 2015

ဖီဖာ ဥက္ကဋ္ဌရာထူး ဥရောပ ဘောလုံးအဖွဲ့ချူပ် ဥက္ကဋ္ဌ ပလာတီနီ ရယူလို

ကမာ့္ဘဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ နေရာအတွက် ဥရောပဘောလုံးအဖွဲ့ချူပ် (ယူအီးအက်ဖ်အေ) ဥက္ကဋ္ဌ ပလာတီနီက ယှဉ်ပြိုင်သွားဖို့ ဆန္ဒရှိနေပါတယ်။ ဖီဖာဥက္ကဋ္ဌအဖြစ် အရွေးချယ်ခံ၊ မခံကိုလည်း ဒီသီတင်းပတ်အတွင်း ကြေညာမှာလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက် ဇူးရစ်မှာ မဲပေးရွေးချယ်ရင် ပြင်သစ်နဲ့ ဂျူဗင်တပ်အလယ်တန်း ကစားသမားဟောင်း ပလာတီနီဟာ အရွေးချယ်ခံမယ့်လူတဦး ဖြစ်လာနိုင်ဖွယ် ရှိနေတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ရေးပါတယ်။ ၁၉၉၈ ခုနှစ်ကတည်းက အသက် ၇၉ နှစ် ဆပ်ဘလတ္တာကတော့ ဖီဖာဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဖွဲ့အတွင်း အကျင့်ပျက်ခြစားမှုကြောင့် ဖီဖာဥက္ကဋ္ဌ ရာထူးနေရာကနေ ဆင်းပေးခဲ့ရသလို ဒီနေရာအတွက် ပလာတီနီကို လူကြိုက်များနေတာ ဖြစ်ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ် အပါအ၀င် တောင်အမေရိက၊ မြောက်အမေရိကအလယ်နဲ့ ကာရစ်ဘီယံ အပါအ၀င် အာရှဘောလုံးအဖွဲ့ချုပ်ကလည်း ပလာတီနီကို ထောက်ခံချက်ပေးထားပါတယ်။ ဒါပေမယ့် ဘောလုံးအဖွဲ့ချုပ် အားလုံးရဲ့ ထောက်ခံချက်ရဖို့ကတော့ ဖြစ်နိုင်ချေနည်းပါတယ်လို့ ဆိုပါတယ်။
6 years Ago

June 9, 2015

အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ လက်ရှိချန်ပီယံ ပွဲဦးထွက် အနိုင်ရ

ကနေဒါမှာ ဇွန် ၉ ရက်က ဆက်လက်ကျင်းပတဲ့ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စု စီ အဖွင့်ပွဲစဉ်တွေမှာ လက်ရှိချန်ပီယံ ဂျပန်က ဆွစ်ဇာလန်ကို ၁-၀ ဂိုး၊ ကင်မရွမ်းက အီကွေဒေါကို ၆-၀ ဂိုးနဲ့ အသီးသီး အနိုင်ရပြီး ပွဲဦးထွက် ၃ မှတ်စီ ရယူထားနိုင်ပါတယ်။ အုပ်စီ ဒီ ပွဲစဉ်တွေမှာတော့ အမေရိကန်က သြစတြေးလျကို ၃-၁ ဂိုးနဲ့နိုင်ပြီး ဆွီဒင်နဲ့ နိုင်ဂျီးရီးယားတို့ကတော့ ၃ ဂိုးစီ သရေကျသွားလို့ အမေရိကန်က ရမှတ် ၃ မှတ်နဲ့ အုပ်စုကို ဦးဆောင်ထားနိုင်ပါတယ်။ ဇွန်လ ၁၀ ရက်နေ့မှာ အုပ်စုပွဲစဉ်တွေ ဆက်လက်ကစားမှာဖြစ်ပြီး အုပ်စု အီးက စပိန်နဲ့ ကော့စတာရီကာ၊ ဘရာဇီးနဲ့ တောင်ကိုရီးယား၊ အုပ်စု အက်ဖ်က ပြင်သစ်နဲ့ အင်္ဂလန်၊ ကိုလံဘီယာနဲ့ မက္ကဆီကိုတို့ အသီးသီး ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - ဖီဖာ Switzerland-Japan-Fifa Switzerland-Japan-Fifa02
6 years Ago
Up