ဖီဒယ်ကတ်စထရို၏

A d v e r t i s e m e n t With Us

December 4, 2016

ဖီဒယ်ကတ်စထရို၏ ဈာပန တော်လှန်ရေးစတင်သည့် ဆန်တီရေဂိုမြို့တွင် ကျင်းပ

ကွယ်လွန်သွားပြီဖြစ်တဲ့ ကျူးဘားတော်လှန်ရေးခေါင်းဆောင်ကြီး ဖီဒယ်ကတ်စထရိုရဲ့ ဈာပနအခမ်းအနားကို နိုင်ငံတောင်ပိုင်းက သူတော်လှန်ရေးစတင်ခဲ့တဲ့ ဆန်တီရေဂိုမြို့မှာ တနင်္ဂနွေနေ့က ကျင်းပပါတယ်။ အခမ်းအနားကို ကျူးဘားသမ္မတ ပေါကက်စထရို (Raul Castro) ဦးဆောင်ပြီး ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေ၊ ကျူးဘားပြည်သူတွေ ထောင်သောင်းချီ တက်ရောက်ခဲ့ကြပါတယ်။ ခေါင်းဆောင်ကြီး ဖီဒယ် ကတ်စထရို ဦးဆောင်ခဲ့တဲ့ တော်လှန်ရေးရည်မှန်းချက်တွေ၊ ဆိုရှယ်လစ်မူဝါဒတွေကို ဆက်လက်ဖော်ဆောင်သွားမယ်လို့ သမ္မတက ပြောဆိုပါတယ်။ ဖီဒယ် ကတ်စထရို မကွယ်လွန်ခင်က တောင်းဆိုခဲ့တဲ့အတွက် သူ့နာမည်နဲ့ သမိုင်းဝင်အဆောက်အဦတွေ၊ လမ်းတွေကို ဂုဏ်ပြုမှည့်ခေါ်တာတွေ၊ ရုပ်တုထားရှိတာတွေကို ခွင့်မပြုဘူးလို့လည်း ပြောဆိုပါတယ်။ ဖီဒယ်ကတ်စထရိုဟာ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့က အသက် ၉၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီး သူ့ရဲ့ပြာအိုးကို ဆန်တီရေဂိုမြို့မှာပဲ သင်္ဂြိုဟ်ပါတယ်။ ကတ်စထရိုရဲ့ ပြာအိုးကို ဟာဗားနားမြို့တော်ကနေ ဆန်တီရေဂိုမြို့တော်အထိ ၄ ရက်ကြာ သယ်ဆောင်ခဲ့ပြီး လမ်းတလျှောက် ကျူးဘားပြည်သူတွေက ဂါရ၀ပြုခဲ့ကြပါတယ်။
4 years Ago
Up