ဖီဂျီတွင် အပြင်းထန်ဆုံး စူပါဆိုင်ကလုန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်ပြီး လူ ၂၁ ဦး သေဆုံး

A d v e r t i s e m e n t With Us

February 23, 2016

ဖီဂျီတွင် အပြင်းထန်ဆုံး စူပါဆိုင်ကလုန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်ပြီး လူ ၂၁ ဦး သေဆုံး (ရုပ်သံ)

ပစိဖိတ်ကျွန်းနိုင်ငံတခုဖြစ်တဲ့ ဖီဂျီနိုင်ငံမှာ မှတ်တမ်းတင်ခဲ့သမျှ အပြင်းထန်ဆုံး စူပါမုန်တိုင်းတလုံး ပြီးခဲ့တဲ့ ရုံးပိတ်ရက် ၂ ရက်အတွင်း ၀င်တိုက်ခတ်ခဲ့ပြီး လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ပြောပါတယ်။ မုန်တိုင်းကင်းစင်သွားပြီဖြစ်လို့ အပျက်အစီးတွေကို ပြန်ပြီး ရှင်းလင်းနေကြပြီ ဖြစ်ပေမယ့် ပျက်စီးဆုံးရှုံးမှု များပြားတဲ့အတွက် ထောင်သောင်းချီတဲ့ ဖီဂျီဒေသခံတွေ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။ ဒေသအများစုမှာလည်း လျှပ်စစ်မီးပြတ်တောက်နေပြီး ဝေးလံတဲ့ဒေသတွေက ပျက်စီးဆုံးရှုံးမှု အချက်အလက်တွေ အစုံမရသေးတဲ့အတွက် နောက်ပိုင်း ထိခိုက်သေဆုံးဦးရေ တိုးလာနိုင်သေးတယ်လို့ ကယ်ဆယ်ရေး အာဏာပိုင်တွေက ပြောဆိုပါတယ်။ ဆိုင်ကလုန်း ၀င်စတန်ဟာ ၁ နာရီ မိုင် ၂၀၀ နှုန်းနဲ့ ၀င်ရောက်တိုက်ခတ်ခဲ့ပြီး ပင်လယ်ရေလှိုင်း အမြင့်ပေ ၄၀ အထိ ကြီးမားခဲ့တယ်လို့ ဆိုပါတယ်။ တောင်ကမ္ဘာခြမ်းမှာ တိုက်ခတ်သမျှ မုန်တိုင်းတွေထဲမှာ အင်အားအပြင်းထန်ဆုံးဖြစ်ပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ အမြန်ဆုံးပေးဖို့ အစိုးရကို ဒေသခံတွေက တောင်းဆိုနေကြပါတယ်။
5 years Ago
Up