ဖိနှိပ်သည့်

December 31, 2017

ဖိနှိပ်သည့် အစိုးရတပ်များ ကြာရှည်မခံဟု ဒေါ်နယ်ထရမ့် ပြော

အီရန်ပြည်သူတွေဟာ အပြောင်းအလဲကို လိုလားကြပြီး ဖိနှိပ်တဲ့ အစိုးရတွေဟာ ကြာရှည်မခံဘူးလို့ အမေရိကန် သမ္မတထရမ့်က ဒီဇင်ဘာ ၃၀ ရက်က တွစ်တာကနေ ရေးသားဖော်ပြခဲ့ပါတယ်။ အီရန်နိုင်ငံမှာ တတိယမြောက်နေ့အဖြစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာကို တုံ့ပြန်တဲ့သဘောနဲ့  သမ္မတထရမ့်က ရေးသားခဲ့တာဖြစ်ပါတယ်။ သမ္မတ ထရမ့်က “အီရန်ပြည်သူတွေ ရွေးချယ်ရမယ့် နေ့တစ်နေ့ ရောက်လာလိမ့်မယ်။ ကမ္ဘာကြီးက စောင့်ကြည့်နေပါတယ်” လို့လည်း ရေးသားခဲ့ပါတယ်။ အီရန်နိုင်ငံ ဒိုရွတ်မြို့မှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်တာကြောင့် ဆန္ဒပြသူ နှစ်ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up