ဖိုင်နယ် ပွဲစဉ်

A d v e r t i s e m e n t With Us

May 30, 2020

အက်ဖ်အေဖလားဖိုင်နယ် ပွဲစဉ် ဩဂုတ် ၁ ရက်နေ့ ကျင်းပမည်

အက်ဖ်အေဖလား ဖိုင်နယ်ပွဲစဉ်တွေကို ပရီးမီးယားလိဂ်ပွဲစဉ်တွေအပြီး လာမယ့် ဩဂုတ်လ ၁ ရက်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ကမ္ဘာတလွှား ကျင်းပနေတဲ့ ဘောလုံးပွဲစဉ်တွေကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်နားထားခဲ့ရတာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုတော့ လာမယ့် ဇွန်လ ၁၇ ရက်နေ့ ပြန်လည်ကျင်းပတော့မှာပါ။ အက်ဖ်အေဖလားဘောလုံးပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေကိုတော့ ဇွန်လ ၂၇ ရက်နေ့နဲ့ ၂၈ ရက်တွေ ကျင်းပသွားမှာဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တွေကိုတော့ ဇူလိုင် ၁၁ ရက်နဲ့ ၁၂ ရက်နေ့မှာ ကျင်းပသွားမယ်လို့ ဘောလုံးအဖွဲ့ချုပ်က ဆိုပါတယ်။ လတ်တလောမှာတော့ ဒီပွဲစဉ်အချိန်ဇယားတွေက ယာယီသာဖြစ်ပြီး အဲဒီကာလမှာ ကျန်းမာရေးအရ အားလုံးဘေးကင်းတဲ့ အခြေအနေဖြစ်မှုအပေါ် မူတည်တယ်လို့ ဘောလုံးအဖွဲ့ချုပ်က ဆိုပါတယ်။ အက်ဖ်အေအဖွဲ့ အမှုရောင်အရာရှိ မာ့ခ် ဘူလင်ဂန်က ၂၀၁၉/၂၀ အမ်းမရိတ် အက်ဖ်အေဖလားပွဲ ပြန်စမယ့် ယာယီရက်ကို သဘောတူညီမှုရလို့ ဝမ်းသာကြောင်း ပြောလိုက် ပါတယ်။ “ဒီပြိုင်ပွဲဟာ နှစ်ပေါင်း ၁၅၀ နီးပါး အင်္ဂလိပ်ဘောလုံးပြက္ခဒိန်မှာ ပါဝင်ခဲ့တဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး ခုလိုမကြုံစဖူးကာလမှာ ကျန်ရှိနေသေးတဲ့ ပွဲစဉ်ဇယားတွေ ရေးဆွဲရာ မှာ ကူညီထောက်ပံ့ပေးခဲ့ကြသူ ပရီးမီးယားလိဂ်အမှုဆောင်တွေ၊ ကလပ်အသင်းတာဝန်ရှိသူတွေကို ကျနော်တို့အနေနဲ့ ကျေးဇူးတင်ပါတယ်။” ဘူလင်ဂန်က ဆက်လက်ပြီးတော့ ဒီပွဲစဉ်တွေ ဆက်လက်ကျင်းပနိုင်ဖို့ ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့အတူ ထောက်ပံ့ကူညီသူတွေအားလုံးရဲ့ ကျန်းမာရေးကသာ အဓိကဖြစ်တယ်လို့ အလေးပေး ပြောဆိုထားပါတယ်။
9 months Ago
Up