ဖိုင်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေး

December 27, 2020

ဥရောပနိုင်ငံများသို့ ဖိုင်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအသုတ် ရောက်ရှိ

အမေရိကန်ကုမ္ပဏီ ဖိုင်ဇာထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဟာ ဒီဇင်ဘာ ၂၆ ရက်က  အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်နဲ့ ဂရိ စတဲ့ ဥရောပနိုင်ငံတွေဆီ ပထမဆုံးအသုတ်အနေနဲ့ ရောက်ရှိလာပါတယ်။ ပထမအသုတ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၉၇၅၀ ဟာ အီတလီနိုင်ငံ ရောမမြို့က စပယ်လန်ဇာနီ ဆေးရုံကို ရောက်ရှိလာပြီး ဒီဇင်ဘာ ၂၇  ရက်မှာ စတင်ထိုးနှံပေးသွားမယ်လို့ သိရပါတယ်။ အလားတူ ပြင်သစ်မြို့တော် ပဲရစ်ဟာလည်း ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်ကို လက်ခံ ရရှိခဲ့ပါတယ်။ အဲဒီကာကွယ်ဆေးလုံးရေ ၂၀,၀၀၀ နီးပါးဟာ ဘယ်ဂျီယံကနေ တိုက်ရိုက်လာတာ ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်ဟာ ဂရိမြို့တော် အေသင်ဆီကို အပူထိန်းကုန်ကားနဲ့ ဒီဇင်ဘာ ၂၆ ရက်မှာ ရောက်လာပါတယ်။ ကိုဗစ်ကာကွယ်ဆေးလုံးရေ ၉,၇၅၀ ကို ကုန်ကားကချပြီး ဆေးဝါးသိုလှောင်ရေးဂိုဒေါင်မှာ ထားရှိတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
4 months Ago

December 8, 2020

အသက် ၉၀ အရွယ် ဗြိတိန် အဘွားအို ဖိုင်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခံ

အသက် ၉၀ အရွယ် မာဂရက်ကီနန်ဟာ ကမ္ဘာ့ပထမဆုံး ဖိုင်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခံတဲ့ ဗြိတိန်အဘွား ဖြစ်လာပါတယ်။ ဒီဇင်ဘာ ၈ ရက် မနက်က အင်္ဂလန်အလယ်ပိုင်း ကွန်ဖက်ထရီမြို့က ဆေးရုံတစ်ခုမှာ သူဟာ ကာကွယ်ဆေးထိုးခဲ့တာ ဖြစ်ပါတယ်။  ဒီဇင်ဘာ ၈ ရက်ကစပြီး ဗြိတိန်ဟာ ဖိုင်ဇာကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံတဝန်းက ပြည်သူတွေကို စတင်ထိုးနှံပေးနေပြီး ဒီလိုထိုးနှံတာကို ကိုဗစ်တိုက်ဖျက်ရေးမှာ အရေးပါတဲ့ အပြောင်းအလဲအဖြစ် ကြိုဆိုခဲ့ပါတယ်။  အခုလို အစုလိုက် ကိုဗစ်ကာကွယ်ဆေး ထိုးနှံတာက ကမ္ဘာကြီးအနေနဲ့ ကပ်ရောဂါ တိုက်ဖျက်ရာမှာ အဆိုးဆုံးကို ကျော်ဖြတ်ပြီး အခြေအနေ ပိုမိုကောင်းမွန်လာမယ်ဆိုတဲ့ မျှော်လင့်ချက်ကို ပိုမိုအားကောင်းစေမှာပါ။ ကိုဗစ်ကာကွယ်ဆေး ထိုးနှံခံပြီးနောက်မှာ မာဂရက်ကီနန်က တခြားသူတွေအနေနဲ့ သူ့လို ကိုဗစ်ကာကွယ်ဆေး ထိုးနှံခံမယ်လို့ မျှော်လင့်ပြီး ရောဂါဆိုးကြီးကို သုတ်သင်ဖို့ ကြိုးစားကြပါလို့လည်း တိုက်တွန်းခဲ့ပါတယ်။
4 months Ago
Up