ဖိုင်ဇာထုတ်ကိုဗစ်ကာကွယ်ဆေး

December 10, 2020

ဆေး(သို့)အစာနှင့် ဓာတ်မတည့်သူများ ဖိုင်ဇာထုတ်ကိုဗစ်ကာကွယ်ဆေး မထိုးသင့်ဟု ဗြိတိန်ပြော

ဆေး ဒါမှမဟုတ် အစာတစ်ခုခုနဲ့  ဓာတ်မတည့်တတ်တဲ့ ဘယ်သူမဆို  ဖိုင်ဇာကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံသင့်ဘူးလို့  ဗြိတိန်ဆေးဝါးစည်းမျဉ်း သတ်မှတ်ရေးအဖွဲ့က ဒီဇင်ဘာ ၉ ရက်မှာ ပြောပါတယ်။  ဒီဇင်ဘာ ၈ ရက်က ဗြိတိန်တဝန်း သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အစုလိုက်ကာကွယ်ဆေးထိုးနှံတဲ့ အစီအစဉ်ကို စတင်ခဲ့ပါတယ်။ ဒီလိုထိုးနှံရာမှာ ဆေး ဒါမှမဟုတ် အစာနဲ့  ဓာတ်မတည့်တဲ့ အစီရင်ခံစာ နှစ်ခုနဲ့ ဓာတ်မတည့်တုံ့ပြန်မှု အစီရင်ခံစာ တစ်ခု ရှိခဲ့တယ်လို့ ဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်ရေး ထုတ်ကုန်စည်းမျဉ်းသတ်မှတ်ရေးအေဂျင်စီ (MHRA)က ပြောပါတယ်။  လူအတော်များများကတော့ ဓာတ်မတည့်တာမျိုး မဖြစ်ဘဲ ကိုဗစ်ကို ကာကွယ်ပေးတဲ့ အကျိုးကျေးဇူးက ဘေးထွက်ဆိုးကျိုးထက်သာလွန်တယ်လို့  MHRAက ဆိုပါတယ်။  နောက်ပြီး  ဖိုင်ဇာကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးဟာ  MHRA ရဲ့ ဘေးကင်းရေး၊ အရည်အသွေးနဲ့ အစွမ်းထက်မှု စံညွှန်းတွေနဲ့ ကိုက်ညီတယ်လို့လည်း  MHRA အဖွဲ့က ပြောဆိုပါတယ်။  
4 months Ago
Up