ဖိလစ်ပ်မင်းသားကြီး

April 9, 2021

ဗြိတိန်ဘုရင်မကြီး၏ ကြင်ယာတော် ဖိလစ်ပ်မင်းသားကြီး ကွယ်လွန်

ဗြိတိန်နိုင်ငံ ဘုရင်မကြီး အယ်လစ်ဇဘက်သ်ရဲ့ ကြင်ယာတော် ဖိလစ်ပ်မင်းသားကြီးဟာ ဧပြီ ၉ ရက် ဒီကနေ့မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘက်ကင်ဟမ်နန်းတော်က အတည်ပြု ထုတ်ပြန်ထားခဲ့ပြီး “ဘုရင်မကြီးအနေနဲ့ သူ့ရဲ့ ကြင်ယာတော်ခင်ပွန်းဖြစ်သူ အီဒင်ဘာရာမြို့စား မင်းသားကြီးဖိလစ်ပ် ကွယ်လွန်အနိစ္စရောက်တဲ့အကြောင်း ပူဆွေးဝမ်းနည်းစွာနဲ့ ကြေညာ လိုက်ပါတယ်” လို့ ဖော်ပြထားတာပါ။

“မင်းသားကြီးဟာ ဒီနေ့မနက်ပိုင်းမှာပဲ ဝင်ဒ်ဆာရဲတိုက်မှာ အေးချမ်းငြိမ်သက်စွာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်”

ဖိလစ်ပ်မင်းသားကြီးဟာ အယ်လစ်ဇဘက်သ်ဘုရင်မကြီးနဲ့ လက်ထပ်ပြီး နှစ်ပေါင်း ၇၀ ကျော် နေထိုင်ခဲ့ပြီး မင်းသားကြီးဟာ ဗြိတိန်တော်ဝင်မင်းဆက်သမိုင်းမှာတော့ သက် တမ်းအရှည်ကြာဆုံး ကြင်ယာတော်မင်းသားကြီးလည်း ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၉၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မင်းသားကြီးဟာ သူ့ရဲ့ သက်တမ်းတလျှောက် ဘုရင်မကြီး အယ်လစ်ဇဘက်သ်နဲ့အတူ တော်ဝင်ခရီးစဉ်ပေါင်း များစွာမှာ လိုက်ပါခဲ့သူဖြစ်ကာ ပရဟိတအကျိုးပြုလုပ်ငန်းတွေကြောင့်လည်း ထင်ရှားပါ တယ်။

8 months Ago
Up