ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာတောင်ပိုင်းက တာလ်မီးတောင်ဟာ ပြာတွေ မှုတ်ထုတ်ပြီး မြို့အတော်များများကို မီးတောင်ပြာတွေ ဖုံးအုပ်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၃ ရက်က အနီးဝန်းကျင်ရှိ ထောင်ချီတဲ့ ဒေသခံတွေဟာ ယာယီစခန်းတွေမှာ ခိုလှုံနေရပါတယ်။
တာဂေတေမြို့က အရေးပေါ် ရွှေ့ပြောင်းရေးစခန်းတခုမှာလည်း ရာနဲ့ချီတဲ့ ရွှေ့ပြောင်းလာသူတွေ တိုးဝှေ့စုဝေးနေပါတယ်။
လူကြိုက်များ ခရီးသွားဒေသဖြစ်တဲ့ အဲဒီနေရာမှာ မီးတောင်ပေါက်ကွဲလို့ မီးတောင်ရှိရာ ကျွန်းနဲ့ ပတ်ပတ်လည်ဒေသက လူပေါင်း ၁၆၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့ သက်ရှိမီးတောင်တွေထဲက တခုဖြစ်တဲ့ တာလ်ဟာ ပြီးခဲ့တဲ့ ရာစုနှစ် ၅ ခုအတွင်း ကြိမ်ရေ ၃၀ ကျော် ပေါက်ကွဲခဲ့ပါတယ်။
နောက်ဆုံး ပေါက်ကွဲမှုဟာ ၁၉၇၇ ခုနှစ်မှာ ဖြစ်ပါတယ်။ ၁၉၁၁ ခုနှစ်က တာလ်မီးတောင် ပေါက်ကွဲမှုကြောင့် လူ ၁၅၀၀ သေဆုံးခဲ့သလို ၁၇၅၄ ခုနှစ်ကလည်း မီးတောင်ပေါက်ကွဲမှုဟာ လအနည်းငယ် ကြာမြင့်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago