ဖိလစ်ပိုင်ယူ၁၈

August 9, 2019

အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာက ဖိလစ်ပိုင်ကို ၄ ဂိုး ၁ ဂိုးဖြင့်နိုင် (ရုပ်သံ)

ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု အေ ဒုတိယပွဲစဉ်အဖြစ် မြန်မာနဲ့ ဖိလစ်ပိုင်တို့ မနေ့ညနေက ယှဉ်ပြိုင်ရာ မြန်မာအသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မြန်မာယူ-၁၈ အသင်းဟာ ဖိလစ်ပိုင်အသင်းကို ခြေစွမ်းအသာနဲ့ ကစားနိုင်ပြီး ဘောလုံးပိုင်ဆိုင်ခွင့်၊ ထိုးဖောက်ကန်သွင်းခွင့်တွေ ပိုမိုရရှိခဲ့ပါတယ်။ ပွဲစကတည်းက မြန်မာအသင်း တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၁၀ မိနစ်မှာ ကောင်းခန့်ကျော် (၁) က အဖွင့်ဂိုး၊ ပထမပိုင်း ပြီးခါနီးမှာ တိုက်စစ်မှူး လမင်းထွေးက ဒုတိယဂိုး သွင်းယူပြီး ပထမပိုင်းမှာ မြန်မာအသင်း နှစ်ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မြန်မာအသင်းရဲ့ အပိုင်ကန်သွင်းချက်တချို့ကို ဖိလစ်ပိုင် ဂိုးသမား ကာကွယ်နိုင်တဲ့အတွက်လည်း ဒီ့ထက် ဂိုးမပြတ်တာ ဖြစ်ပါတယ်။ ပွဲချိန် ဒုတိယပိုင်းမှာလည်း မြန်မာအသင်းပဲ ပိုမိုထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့ပြီး ပွဲချိန် ၅၄ မိနစ်မှာ မိုးဆွေက တတိယဂိုး၊ မိနစ် ၇၀ မှာ ဟိန်းထက်အောင်က စတုတ္ထဂိုး သွင်းယူခဲ့ပါတယ်။ ဖိလစ်ပိုင်အသင်းအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲပြီးကာနီးမှာ သွင်းယူပါတယ်။ အုပ်စု အေက နှစ်ပွဲစီ ကစားအပြီးမှာတော့ မြန်မာနဲ့ အင်ဒိုနီးရှားက နှစ်ပွဲစလုံး အနိုင်ရထားပြီး ခြောက်မှတ်စီ တူနေပေမယ့် အင်ဒိုနီးရှားက ဂိုးကွာခြားချက်အသာနဲ့ အုပ်စု ပထမ၊ မြန်မာက ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ကျန်အသင်းတွြေုဖစ်တဲ့ တီမောနဲ့ လာအိုအသင်းက တပွဲစီနိုင် သုံးမှတ်စီရထားပြီး ဘရူနိုင်းနဲ့ ဖိလစ်ပိုင်တို့ကတော့ နှစ်ပွဲစလုံးရှုံးထားလို့ အမှတ်မရသေးပါဘူး။ မြန်မာအသင်းဟာ အုပ်စု တတိယပွဲစဉ်အဖြစ် သြဂုတ် ၁၀ ရက်နေ့မှာ တီမောအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Zawgyi Version အာဆီယံ ယူ-၁၈ ခ်န္ပီယံရွစ္ၿပိဳင္ပြဲတြင္ ျမန္မာက ဖိလစ္ပိုင္ကို ၄ ဂိုး ၁ ဂိုးျဖင့္ႏိုင္ (႐ုပ္သံ) DVB ဗီယက္နမ္ႏိုင္ငံမွာ က်င္းပေနတဲ့ အာဆီယံ ယူ-၁၈ ခ်န္ပီယံရွစ္ အမ်ဳိးသားေဘာလုံးၿပိဳင္ပြဲ အုပ္စု ေအ ဒုတိယပြဲစဥ္အျဖစ္ ျမန္မာနဲ႔ ဖိလစ္ပိုင္တို႔ မေန႔ညေနက ယွဥ္ၿပိဳင္ရာ ျမန္မာအသင္းက ၄ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရသြားပါတယ္။ ျမန္မာယူ-၁၈ အသင္းဟာ ဖိလစ္ပိုင္အသင္းကို ေျခစြမ္းအသာနဲ႔ ကစားႏိုင္ၿပီး ေဘာလုံးပိုင္ဆိုင္ခြင့္၊ ထိုးေဖာက္ကန္သြင္းခြင့္ေတြ ပိုမိုရရွိခဲ့ပါတယ္။ ပြဲစကတည္းက ျမန္မာအသင္း တိုက္စစ္ဆင္ ကစားခဲ့ၿပီး ပြဲခ်ိန္ ၁၀ မိနစ္မွာ ေကာင္းခန္႔ေက်ာ္ (၁) က အဖြင့္ဂိုး၊ ပထမပိုင္း ၿပီးခါနီးမွာ တိုက္စစ္မႉး လမင္းေထြးက ဒုတိယဂိုး သြင္းယူၿပီး ပထမပိုင္းမွာ ျမန္မာအသင္း ႏွစ္ဂိုး ဂိုးမရွိနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ပါတယ္။ ဒီပြဲမွာ ျမန္မာအသင္းရဲ႕ အပိုင္ကန္သြင္းခ်က္တခ်ဳိ႕ကို ဖိလစ္ပိုင္ ဂိုးသမား ကာကြယ္ႏိုင္တဲ့အတြက္လည္း ဒီ့ထက္ ဂိုးမျပတ္တာ ျဖစ္ပါတယ္။ ပြဲခ်ိန္ ဒုတိယပိုင္းမွာလည္း ျမန္မာအသင္းပဲ ပိုမိုထိုးေဖာက္ တိုက္စစ္ဆင္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာ မိုးေဆြက တတိယဂိုး၊ မိနစ္ ၇၀ မွာ ဟိန္းထက္ေအာင္က စတုတၳဂိုး သြင္းယူခဲ့ပါတယ္။ ဖိလစ္ပိုင္အသင္းအတြက္ တလုံးတည္းေသာ ေခ်ပဂိုးကိုေတာ့ ပြဲၿပီးကာနီးမွာ သြင္းယူပါတယ္။ အုပ္စု ေအက ႏွစ္ပြဲစီ ကစားအၿပီးမွာေတာ့ ျမန္မာနဲ႔ အင္ဒိုနီးရွားက ႏွစ္ပြဲစလုံး အႏိုင္ရထားၿပီး ေျခာက္မွတ္စီ တူေနေပမယ့္ အင္ဒိုနီးရွားက ဂိုးကြာျခားခ်က္အသာနဲ႔ အုပ္စု ပထမ၊ ျမန္မာက ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။ က်န္အသင္းေတြျုဖစ္တဲ့ တီေမာနဲ႔ လာအိုအသင္းက တပြဲစီႏိုင္ သုံးမွတ္စီရထားၿပီး ဘ႐ူႏိုင္းနဲ႔ ဖိလစ္ပိုင္တို႔ကေတာ့ ႏွစ္ပဲြစလုံး႐ံႈးထားလို႔ အမွတ္မရေသးပါဘူး။ ျမန္မာအသင္းဟာ အုပ္စု တတိယပြဲစဥ္အျဖစ္ ၾသဂုတ္ ၁၀ ရက္ေန႔မွာ တီေမာအသင္းနဲ႔ ဆက္လက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။
2 years Ago
Up