ဖိလစ်ပိုင်ဒုသမ္မတ ပြော

November 9, 2019

မူးယစ်စစ်ဆင်ရေး ပြန်သုံးသပ်ရန် အချိန်တန်ပြီဟု ဖိလစ်ပိုင်ဒုသမ္မတ ပြော

မူးယစ်စစ်ဆင်ရေးအပေါ်  ပြန်သုံးသပ်ဖို့ အချိန်တန်ပြီလို့ ဖိလစ်ပိုင် မူးယစ်တိုက်ဖျက်ရေး အကြီးအကဲအဖြစ် တာဝန်ပေးခံရတဲ့ ဒုတိယသမ္မတ လန်နီရိုဘရေဒိုက နိုဝင်ဘာလ ၈ ရက်မှာ ပြောလိုက်ပါတယ်။  မူးယစ်တိုက်ဖျက်ရေး အကြီးအကဲအဖြစ် ပထမဆုံးအကြိမ် အစည်းဝေးမှာ လန်နီ ရိုဘရေဒိုက မူးယစ်တိုက်ဖျက်ရေး ဗျူဟာက ရာဇဝတ်မှုနဲ့ တရားမျှတမှု ဖြစ်သလို ပြည်သူ့ကျန်းမာရေးကိစ္စ ဖြစ်သင့်တယ်လို့ ပြောခဲ့ပါတယ်။   အောက်တိုဘာလ ၂၃ ရက်နေ့က ရိုက်တာသတင်းဌာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ  ဒုသမ္မတ ရိုဘရေဒိုက သမ္မတ ဒူတာရေးရဲ့ မူးယစ်စစ်ဆင်ရေးအပေါ် ဝေဖန်ခဲ့ပြီးနောက်  ဒူတာတေးက ရိုဘရေဒိုကို မူးယစ်တိုက်ဖျက်ရေး အကြီးအကဲ အဖြစ် တာဝန်ပေးခံတာပါ။   ဖိလစ်ပိုင် ဒုသမ္မတ ရိုဘရေဒိုဟာ  သမ္မတ ဒူတာတေးရဲ့ နိုင်ငံရေးပြိုင်ဘက်တဦး ဖြစ်သလို  ဒူတာတေးရဲ့ မူးယစ်စစ်ဆင်ရေးကို ကာလရှည် ဝေဖန်နေသူတဦးလည်း ဖြစ်ပါတယ်။  ရိုဘရေဒို ထောက်ခံသူတွေကတော့ သမ္မတ ဒူတာတေးရဲ့ တာဝန်ပေးအပ်မှုကို သံသယဝင်နေကြပါတယ်။ 
2 years Ago
Up