ဖိလစ်ပိုင်ဆရာ

A d v e r t i s e m e n t With Us

March 23, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖိလစ်ပိုင်ဆရာများ အွန်လိုင်းမှစာသင်

ကမ္ဘာအနှံ့ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် ကျောင်းတွေ၊ ရုံးတွေ ပိတ်ထားရသလို့ ဖိလစ်ပိုင်မှလည်း ကျောင်းတွေပိတ်ထားလို့ ထောင်သောင်းချီတဲ့ ဆရာတွေဟာ တရုတ်နဲ့ ဂျပန်နိုင်ငံတွေလိုပဲ သူတို့အိမ်တွေကနေပြီး အွန်လိုင်းကတဆင့် အင်္ဂလိပ်စာ သင်ပေးနေ ကြပါတယ်။ 51Talk လိုမျိုး အွန်လိုင်းလေ့လာရေးပလက်ဖောင်းတွေကနေ သင်ယူသူ အရေအတွက်ဟာ အရင်လကစပြီး တိုးလာခဲ့တာပါ။ ဖိလစ်ပိုင်ဆရာ ရာဗဲင်းကိတ်ဒေလေယွန်ကတော့ ၂၅ မိနစ်စာ သင်ခန်းစာတွေ တရက်ကို ဆယ်နာရီကြာအောင် သင်ပေးနေလို့ သူ့ဝင်ငွေ စုငွေ တိုးတက်လာပါတယ်။ သူဟာ မနက် ၈ နာရီကနေ ည ၁၁ နာရီထိ နားချိန် တနာရီသာယူပြီး နေ့တိုင်း အွန်လိုင်းကနေ စာပြလာတာ တနှစ်ကျော်ပါပြီ။ ဝင်ငွေအများကြီးရလို့ ခုချိန်ဟာ ကြီးကျယ်တဲ့ အခွင့်အရေးပါပဲ။ ဒါပေမဲ့ ကျောင်းသားတွေအတွက်လည်း စဉ်းစားနေပါတယ်။ ဖြစ်နိုင်သမျှ အမြန် အကောင်းဆုံး ဖြစ်လာဖို့ အကောင်းမြင်ထားပါတယ်။ အခြေအနေဆိုး မကြာခင် အဆုံးသတ်သွားမှာပါလို့ အွန်လိုင်း အင်္ဂလိပ်စာဆရာက ပြောပါတယ်။ ကျောင်းတွေ၊ ရုံးတွေ ဘယ်လောက်ကြာကြာ ဆက်ပိတ်ပါစေ။ အွန်လိုင်း သင်တန်းတွေဟာ အလုပ်အကိုင် ကောင်းနေပြီး ဈေးကွက် ဝယ်လိုအားကို ပြည့်မီအောင် မပံ့ပိုးနိုင်သေးဘဲ ရှိနေပါတယ်။
11 months Ago
Up